Connect with us

Africa & Middle East

ထရီပိုလီတွင် တိုက်ပွဲများဖြစ်ပွားသည့် အတွက် လူဦးရေ ၉၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ၍ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂပြောကြား

လစ်ဗျားတပ်မတော်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ၏ မြို့တော် ထရီပိုလီ တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွင် ပြီးခဲ့သည့် နှစ်လ အတွင်း နေအိမ်စွန့်ခွါ၍ ထွက်ပြေးသူ အယောက် ၉၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ က မေ ၃၁ ရက် တွင် ပြောကြားခဲ့သည်။

ယခုအပါတ်အတွင်းတွင်ပင် အိုးမဲ့အိမ်မဲ့ထွက်ပြေးရသူ ၈၀,၀၀၀ ခန့်ရှိကြောင်း၊ ကုလသမဂ္ဂရွှေ့ပြောင်းသွားလာသူများအေဂျင်စီကို ကိုးကား၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၊ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကပြောသည်။

၎င်းတို့ထဲမှထက်ဝက်သည်ကလေးများဟုယုံကြည်ရကြောင်းလည်း Haq ကဖြည့်စွက်ပြောကြားသည်။

အိုးမဲ့ အိမ်မဲ့ မိသားစုအသစ်များအတွက် အစားအစာ၊ရေ နှင့် အခြားလိုအပ်သည့် ပစ္စည်းများထောက်ပံ့ခဲ့ပြီး၊ ပဋိပက္ခဒဏ်ခံစားနေရသည့် ကလေးငယ်များအတွက် စိတပိုင်းဆိုင်ရာ နှင့် လူမှုရေး အထောက်အပံ့များပေးခဲ့ကြောင်း Haq ကဆိုသည်။

လစ်ဗျားအမျိုးသားတပ်မတော်က ကုလသမဂ္ဂအသိအမှတ်ပြုထရီပိုလီမြို့အခြေစိုက် လစ်ဗျားအစိုးရ ကို ဧပြီ ၄ ရက်စ၍ ထိုးစစ်ဆင်ခဲ့ကာ ထိုအချိန်မှစ၍ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ (Xinhua)