Connect with us

Africa & Middle East

လစ်ဗျားအာဏာပိုင်များက အယ်လ်ကိုင်းဒါးတပ်ဖွဲ့ဝင် တစ်ဦး နှင့်အိုင်အက်စ် တစ်ဦးတို့အားဖမ်းဆီးရမိ

လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အယ်လ်ကိုင်းဒါး တပ်ဖွဲ့ဝင်တစ်ဦး နှင့် အခြား အိုင်အက်စ် အကြမ်းဖက်တစ်ဦး တို့အား ဖမ်းဆီးခဲ့ကြောင်း လစ်ဗျားပြည်ထဲရေးဝန်ကြီးဌာန ကမေ ၃၀ ရက် တွင်ကြေညာခဲ့သည်။

Abu-Jandal ဟူ၍သိကြသော အယ်လ်ကိုင်းဒါး အဖွဲ့ဝင်ဖြစ်သည့် Ali Attaher Mohamed al-Badri ကို အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့မှုနှင့်လုံခြုံရေးတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ဆိုသည်။

အိုင်အက်စ် တပ်ဖွဲ့ဝင် Fares al-Haj ကို Khattab ဟူ၍လည်း သိကြပြီး ၎င်းသည်လည်း အကြမ်းဖက်လှုပ်ရှားမှု များတွင် ပါဝင်ပတ်သက်ခဲ့ကာ ၎င်းအားထရီပိုလီ မြို့၏ အရှေ့ဘက် ကီလိုမီတာ ၂၀၀ အကွာ ရှိ Misurata မြို့တွင် ပူးတွဲလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံ ၏လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် နိုင်ငံ၏အနှံ့အပြား ၊ အထူးသဖြင့် လစ်ဗျားနိုင်ငံအနောက်ပိုင်းတွင် အကြမ်းဖက်သမားများ နှင့် ရံဖန်ရံခါ ခေါင်းဆောင်များအားဖမ်း ဆီးခဲ့ကြောင်း သိရသည်။ အဖမ်းခံရသူအများစုသည် အကြမ်းဖက်တိုက်ခိုက် မှုများဆောင်ရွက်ရန်လျှို့ဝှက်ကြံစည်ချက်များ ပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ခြားအိုင်အက်စ် တပ်ဖွဲ့ဝင်ဖြစ်သည့် Abu-Dajana ဟု သိကြသည့် Ali Saleh Khalifa al-Majri အား Misurata မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မကြာမီက ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။ (Xinhua)