Connect with us

Africa & Middle East

ကက်စပီယန်ပင်လယ်ထဲတွင် ရုရှား နှင့် အီရန် နှစ်နိုင်ငံ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်

ရုရှားနိုင်ငံ စိန့် ပီတာစပတ်မြို့ တွင် ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ရေတပ်စစ်လက်နက်ပြပွဲ၌ ပြသထားသည့် ရုရှားရေတပ်မှ စစ်ရေယာဉ် Serpukhov အားတွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နှင့် အီရန် နိုင်ငံတို့မှ ရေတပ် စစ်င်္ဘောများသည် ဇူလိုင်လ ၁၅ ရက်တွင် ကက်စပီယန်ပင်လယ်အတွင်း ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ၏ ကက်စပီယန်ပင်လယ်ဒေသဆိုင်ရာ ရေတပ်တပ်ဖွဲ့မှ တိုက်ခိုက်ရေး စစ်သင်္ဘော Makhachkala အပါအဝင် ရုရှားစစ်ရေယာဉ်အုပ်စုတစ်ခုသည် ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားစစ်ရေယာဉ်အုပ်စုသည် အီရန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော Anzali မြို့သို့ဇူလိုင်လ ၁၂ ရက်တွင် ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အစီအစဉ်တစ်ရပ်အဖြစ် အီရန်နိုင်ငံ မြေထဲပင်လယ် ဆိပ်ကမ်းမြို့သို့ဆယ်စုနှစ်တစ်ခုအတွင်း ရုရှားနိုင်ငံစစ်ရေယာဉ်အုပ်စု၏ ငါးကြိမ်မြောက် လာရောက်လည်ပတ်သော ခရီးစဉ်ဖြစ်သည်။အီရန်နိုင်ငံဘက်ကလည်း အလားတူ အစီအစဉ်မျိုးဖြစ် ရုရှားနိုင်ငံ ဆိပ်ကမ်းသို့ချစ်ကြည်ရေးသွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။၂ဝ၁၆ ခုနှစ် အောက်တိုဘာလက ရုရှားစစ်ရေယာဉ်အုပ်စုသည် အီရန်နိုင်ငံ Anzali ဆိပ်ကမ်းသို့သွားရောက်လည်ပတ်ခဲ့ပြီး ယင်းနှစ် စက်တင်ဘာလတွင် အီရန်စစ်ရေယာဉ်အုပ်စုတစ်ခုက ရုရှားနိုင်ငံ တောင်ပိုင်း Astrakhan ဆိပ်ကမ်းသို့သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စု အပြန်အလှန်လည်ပတ်မှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန် နှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

လာမည့် အနာဂတ်ကာလတွင် ကက်စပီယန်ပင်လယ် နှင့်ထိစပ်နေသော နိုင်ငံများမှ စစ်ရေယာဉ်အုပ်စုများစွာသည် အီရန်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့သို့လာရောက်လည်ပတ်ရန် ရှိကြောင်း အီရန်နိုင်ငံ ရေတပ်စစ်ဦးစီးချုပ် Afshin Rezaei Haddad က ပြောကြားခဲ့သည်။၎င်းက ကက်စပီယန်ပင်လယ်ဒေသတွင်း ၅ နိုင်ငံသည် အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ရေး ၊ အပြန်အလှန်လေးစားရေး နှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ကက်စပီယန်ပင်လယ်ထဲတွင် ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။အီရန်နိုင်ငံသည် နိုင်ငံ၏ မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ ရေပိုင်နက်များဆီသို့အလာတူး စစ်ရေးလေ့ကျင့်မှုအစီအစဉ်ဖြင့် စစ်ရေယာဉ်အုပ်စုများကို မကြာခဏ စေလွှတ်လေ့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.