Connect with us

Africa & Middle East

အာဖဂန်တွင် ဂိုဏ်းဖွဲ့ပြန်ပေးဆွဲသူများအား ဖမ်းဆီး

ဂိုဏ်းဖွဲ့ပြန်ပေးဆွဲသူ ၄ဦး နှင့် ၎င်းတို့ ဖမ်းဆီးထားသည့် ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် အရှေ့ပိုင်းတွင် ဂိုဏ်းဖွဲ့ပြန်ပေးဆွဲသူများအား ဇူလိုင် ၁၅ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းပြန်ပေးအဖွဲ့မှ ဖမ်းဆီးထားသည့် ကလေးငယ် ၁၃ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း Ghazni ပြည်နယ် ရဲချုပ် Mohammad Mustafa Mayar က ပြောကြားခဲ့သည်။

Mayar က လူလေးဦးပါဝင်သည့် ပြန်ပေးဂိုဏ်းကို ဇူလိုင် ၁၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး ကလေးငယ် ၁၃ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။၎င်းက ပြန်ပေးဆွဲသူများသည် ကလေးငယ်များအား ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးကျောင်းအချို့ သို့ပို့ဆောင်ကာ အသေခံဗုံးခွဲသမားများဖြစ်လာစေရန် အတွက် စိတ်ဓါတ်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခု ပြန်ပေးဆွဲ ဂိုဏ်းသည် Ghazni ပြည်နယ်တွင် ဖမ်းမိသည့် ဒုတိယမြောက် ဂိုဏ်း ဖြစ်ပြီး ပထမဂိုဏ်းအား လွန်ခဲ့သည့် ရက်သတ္တပတ်က ဖမ်းမိခဲ့ကာ ကလေးငယ် ၂၅ဦးကို ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)