Africa & Middle East
ကင်ညာနိုင်ငံ ရှိ အမေရိကန်သံရုံးအပြင်ဘက် တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
နိုင်ရိုဘီ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ အမေရိကန်သံရုံး အပြင်ဘက် တွင် ဆိုမာလီနိုင်ငံဖွား အမျိုးသားတစ်ဦး အောက်တိုဘာ ၂၇ရက်က ပစ်သတ်ခံခဲ့ရကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Gigiri ဒေသဆိုင်ရာ ရဲအရာရှိ Vitalis Otieno က အမေရိကန်သံရုံး ဗီဇာထုတ်ပေးသည့် နေရာ အဝင်ဂိတ်တွင် လုံခြုံရေးစောင့်ကြည့်နေသည့် ရဲဝန်ထမ်းများအနက်တစ်ဦးအား အမျိုးသားတစ်ဦးက ဖမ်းချုပ်၍ ဓားဖြင့်ထိုးခဲ့သောကြောင့် အဆိုပါဝန်ထမ်း၏ ဦးခေါင်းနှင့် လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒဏ်ရာရရှိခဲ့သည့် ရဲဝန်ထမ်းသည် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဓါးဖြင့်တိုက်ခိုက်သူအမျိုးသားသေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း Otieno ကပြောကြားခဲ့သည်။
Otieno က အမည်မသိတိုက်ခိုက်သူ နှင့်အတူ ၎င်း၏အပေါင်းအပါများလိုက်ပါလာကြောင်း နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
အမေရိကန်သံရုံး က အဆိုပါ ဖြစ်ရပ်အား အတည်ပြုခဲ့ပြီး သံရုံးဝန်ထမ်းများ ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)