Connect with us

Africa & Middle East

၂၀၂၀ ခုနှစ်တွင် လူဦးရေ ၁.၅ ဘီလီယံကျော် အင်တာနက် သုံးစွဲမှု ထပ်မံ ရရှိနိုင်မည်

အင်တာနက် သုံးစွဲမှုအား ဂရပ်ဖြင့် ပြထားပုံ (ဓာတ်ပုံ-အင်တာနက်)

တူနစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် လက်ရှိ အင်တာနက် သုံးစွဲသူထက် လူဦးရေ အနည်းဆုံး ၁.၅ ဘီလီယံကျော်ခန့် တိုးချဲ့ သုံးစွဲနိုင်မည် ဖြစ်ကြောင်း နိုင်ငံတကာ ဆက်သွယ်ရေး သမဂ္ဂ (ITU) အထွေထွေ အတွင်းရေးမှူး ကျိုးဟောင်လင်းက ဆင်ဟွာသို့ ပြောသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံး၌ အင်တာနက် သုံးစွဲမှု မရသေးသူ ၄ ဘီလီယံဝန်းကျင်ရှိကြောင်း သိရသည်။

ကမ္ဘာ့ ဆက်သွယ်ရေး စံနှုန်းသတ်မှတ်ချက် ညီလာခံအား တူနီးရှားနိုင်ငံ မြို့တော် တူနစ်၌ ကျင်းပပြီး နိုင်ငံပေါင်း ၁၀၀ ခန့်မှ ပါဝင်ဆွေးနွေးသူပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ထို့ပြင် ၂၀၂၀ ခုနှစ်၌ အခြား ဆက်သွယ်ရေး ကိရိယာများ တွင်ကျယ်စွာ အသုံးပြုလာခြင်းနှင့်အတူ 5G မိုဘိုင်း နည်းပညာအား ကမ္ဘာနှင့်အဝှမ်း ကျယ်ပြန့်စွာ သုံးစွဲနိုင်လာမည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.