Connect with us

Africa & Middle East

ကောင်စစ်ဝန်ရုံးချုပ်ဝန်ထမ်းမိသားစုများ အစ္စတန်ဘူလ်မြို့မှ ထွက်ခွာရန် အမေရိကန်ညွှန်ကြား

အစ္စတန်ဘူလ်မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး မှ ဝန်ထမ်းများ၏ မိသားစုဝင်များအား လုံခြုံရေးအရ အစ္စတန်ဘူလ်မြို့မှ ထွက်ခွာရန် အမေရိကန်နိုင်ငံက အောက်တိုဘာ ၂၉ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ အစ္စတန်ဘူလ်မြို့ နှင့် အနီးတစ်ဝိုက်ဒေသရှိ အမေရိကန်နိုင်ငံသားများ အပေါ် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ များပြားလာသည်ကို အခြေခံ၍ ယခုလို ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးအား ဝန်ထမ်းအင်အား အပြည့်ဖြင့် ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့မှ ထွက်ခွာမိန့်သည် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအတွက်သာဖြစ်ပြီး တူရကီနိုင်ငံရှိ အခြားသော အမေရိကန်သံတမန်အဖွဲ့အစည်းများ အတွက် အကျုံးမဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.