Connect with us

Africa & Middle East

ကွန်ဂို (DRC) နိုင်ငံ တွင် လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၄၉ ဦး သေဆုံး

လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဘရာဇဗီလီ ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် မေလ ၂၃ ရက်နေ့ ညပိုင်း အချိန် ၌ လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၄၉ ဦး သေဆုံး ခဲ့ကြောင်း ကွန်ဂို နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က အတည်ပြုပြောကြား ခဲ့သည်။

လှေ တိမ်းမှောက်မှု သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ Tshuapa ပြည်နယ် အတွင်း ရှိ မြစ် တစ်စင်း တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယင်းပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး က အခင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိသေးဘဲ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များ အနေဖြင့် အခင်းဖြစ်ပွား သည့် နေရာ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် မြစ်ချောင်းများ လွန်စွာ ပေါများပြီး ပြည်သူလူထု များ အနေဖြင့် သွားလာ လှုပ်ရှား ရာတွင် လှေအား အဓိက အသုံးပြု ကြလေ့ရှိသည်။ လှေများ အိုဟောင်းခြင်း နှင့် ဝန်ပို တင်ဆောင်ခြင်း တို့သည် ကွန်ဂို နိုင်ငံ တွင် လှေတိမ်းမှောက်မှု ဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.