Connect with us

Africa & Middle East

အမေရိကန်စစ်တပ်က ဆိုမာလီတွင် အယ်ရှာဘတ် စစ်သွေးကြွ ၁၀ဦးအား သုတ်သင်နိုင်ခဲ့

ဆိုမာလီနိုင်ငံ ရှိ အယ်ရှာဘတ်စစ်သွေးကြွများအားတွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ မေ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်တပ် က ၎င်း၏ အထူးတပ်ဖွဲ့ဝင်များသည် ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ အနောက်တောင်ဘက် တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အယ်ရှာဘတ် စစ်သွေးကြွ ၁၀ဦး သေဆုံးခဲ့ကြောင်း မေ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်-အာဖရိက တပ်ဖွဲ့ (Africom) က မြို့တော် အနောက်တောင်ဘက် ၂၄ကီလိုမီတာခန့်အကွာ ၌ မေ ၂၃ ရက်တွင် ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားသေဆုံးမှုမရှိကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ဆိုမာလီနိုင်ငံ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာသည်ကို တုံ့ပြန်သည့်အနေဖြင့် ဆိုမာလီနိုင်ငံ၏ တည်ငြိမ်လုံခြုံရေးတပ်ဖွဲ့ က နိုင်ငံ၏ နေရာအနှံ့အပြားကို ပစ်မှတ်ထား၍ စစ်ဆင်ရေးများပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ အမေရိကန်နိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)