Connect with us

Africa & Middle East

တောင်အာဖရိက သမ္မတ က လစာတစ်ဝက်အား ပရဟိတရန်ပုံငွေအဖြစ် လှူဒါန်းမည်

တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa) အားတွေ့ရစဉ် (ဆင်ဟွာ)

ကိတ်တောင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa) က ၎င်း၏ သမ္မတလစာတစ်ဝက်အား မကြာမီ တည်ထောင်မည့် ပရဟိတရန်ပုံငွေတစ်ခုသို့ လှူဒါန်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေအား နယ်ဆင်မင်ဒဲလားသူမာမင်နာ ရန်ပုံငွေဟု ခေါ်ဆိုသွားမည်ဖြစ်ပြီး ၎င်းအား နယ်ဆင်မင်ဒဲလားရန်ပုံငွေအဖွဲ့က စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ရာမာဖိုဆာ က လွှတ်တော်တွင် သမ္မတရုံးဘက်ဂျက်ဆိုင်ရာ မဲပေးဆွေးနွေးမှုတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

ယင်းရန်ပုံငွေအဖွဲ့အား ယခုနှစ် ဇူလိုင် ၁၈ ရက်တွင် သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ နှစ် ၁၀၀ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တည်ထောင်သွားမည်ဖြစ်ကြောင်း ရာမာဖိုဆာကပြောကြားခဲ့သည်။

သမ္မတတစ်ဦးအနေဖြင့် ရာမာဖိုဆာသည် တစ်နှစ်လျှင် အာဖရိကငွေ ရမ် ၃.၆သန်း (အမေရိကန်ဒေါ်လာ ၂၉၃,၀၀၀ခန့်) ရရှိကြောင်း သိရသည်။

သမ္မတရာထူး လက်ခံခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ ရာမာဖိုဆာသည် အကျင့်ပျက်ခြစားမှု နှင့် ငွေကြေးခဝါချမှုများဖြင့် နာမည်ဆိုးထွက်ခဲ့သော ယခင်သမ္မတဟောင်း ဂျက်ကော့ဇူးမား နှင့် မတူဘဲ ၎င်း၏ ဦးဆောင်မှုများကြောင့် လူအများက ချီးမွမ်းကြကြောင်း သိရသည်။

မတ်လတွင် ရာမာဖိုဆာသည် ဒါဘန်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားရာတွင် ရိုးရိုးတန်း၌သာ စီးနင်းခြင်းဖြင့် ခရီးသည်များအား အံ့သြစေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.