Africa & Middle East
ဂီနီနိုင်ငံတွင် အီဘိုလာ ပြန်လည် ဖြစ်ပွားလာသည့် အတွက် လိုင်ဘေးရီးယားက ၎င်းနှင့် ထိစပ်နေသည့် နယ်စပ်အား ပိတ်ပစ်
မွန်ရိုဗီးယား၊ မတ် ၂၃ ရက် (ဆင်ဟွာ)
လိုင်ဘေးရီးယားနိုင်ငံ အစိုးရက ဂီနီနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားပြီးနောက် ဂီနီနိုင်ငံနှင့် ဆက်စပ်နေသည့် လိုင်ဘေးရီးယားနိုင်ငံ၏ နယ်စပ်အား ပိတ်ထားခဲ့ကြောင်း မတ်လ ၂၂ ရက် က ပြောကြားခဲ့သည်။
လိုင်ဘေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Nimba စီရင်စု ရှိ အဓိက နယ်စပ်ဂိတ် လေးခုအား မတ်လ ၁၈ ရက် တွင် ပူးတွဲ လုံခြုံရေး တပ်ဖွဲ့များဖြင့် ပိတ်ထားခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ဒေသခံများ ဂီနီနိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ကုန်သွယ်နေခြင်းတို့အပါအဝင် ဂီနီနိုင်ငံသို့သွားရောက်ခြင်းနှင့် ဂီနီနိုင်ငံမှ လာရောက်ခြင်း တို့ကို တားမြစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ဂီနီနိုင်ငံ အတွင်း အီဘိုလာ ကင်းစင်ကြောင်း ကြေညာပြီး နှစ်လကျော် အကြာတွင် အီဘိုလာ ကူးဆက်မှု ဖြစ်စဉ် အသစ်နှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဂီနီနိုင်ငံက လွန်ခဲ့သည့် အပတ်က အတည်ပြုခဲ့သည်။
၂၀၁၄ ခုနှစ် အစောပိုင်းမှစ၍ အနောက်အာဖရိက နိုင်ငံများ ဖြစ်သည့် လိုင်ဘေးရီးယားနိုင်ငံ၊ ဆီယာရာလီယွန် နိုင်ငံ နှင့် ဂီနီနိုင်ငံတို့ တွင် အီဘိုလာဗိုင်းရပ်စ် ကူးဆက်မှုကြောင့် လူ ၁၁,၀၀၀ ကျော် သေဆုံးခဲ့သည်။ (Xinhua)