Connect with us

Africa & Middle East

ကင်ညာရဲတပ်ဖွဲ့က ဆင်စွယ်မှောင်ခိုသမားတစ်ဦး အား ဆင်စွယ် ၃၉ချောင်းနှင့်အတူ ဖမ်းဆီးရမိ

ကင်ညာနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်များအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ မတ်၂၃ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ ရဲတပ်ဖွဲ့သည် မတ်လ ၂၂ရက်နေ့က ဆင်စွယ်များတရားမဝင် မှောင်ခိုကူးနေသည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးမိခဲ့ပြီး ၎င်း၏ နေအိမ်၌ ဆင်စွယ် ၃၉ ချောင်းကိုပါ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေး ဒါရိုက်တာ (CID) Ndegwa Muhoro က ၃၅ နှစ်အရွယ်ရှိ Thomas Muhoro Ngatia ဆိုသူအား မြို့တော် နိုင်ရိုဘီမှ အရှေ့ဘက် ၂၅ ကီလိုမီတာ အကွာ Ruiru ဒေသရှိ ၎င်း၏ နေအိမ်၌ ဖမ်းမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က Ngatia သည် နိုင်ငံဖြတ်ကျော် ဆင်စွယ်မှောင်ခိုကူး ဂိုဏ်း၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Muhoro က Ngatia အား ဖမ်းမိသည့် နေအိမ်အား ဟော်လန်တွင် နေထိုင်သည့် Ngatia ၏ အမဖြစ်သူမှ ပိုင်ဆိုင်သည်ဟု ယုံကြည်ရကြောင်း နှင့် အဆိုပါ ဂိုဏ်းတွင် ဆင်ခိုးသမားများ ဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံသား များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် သံသယရှိသူက ဆင်စွယ်များ မှောင်ခိုထုတ်ရာ လမ်းကြောင်းအား ဖော်ထုတ်ရန် ကြိုးစားနေကြ ကြောင်း သိရသည်။

ကင်ညာနိုင်ငံသည် အာဖရိကတိုက် ပြင်ပသို့ ဆင်စွယ်များအား မှောင်ခိုထုတ်ရာ အဓိက လမ်းကြောင်း တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.