Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံတွင် တွေ့ရှိသော အပိုင်းအစများသည် MH370 လေယာဉ် အပိုင်းအစများ ဖြစ်သည်မှာ လုံးဝနီးပါး သေချာကြောင်း သြစတြေးလျ အစိုးရပြော

မိုဇမ်ဘစ် နိုင်ငံ ကမ်းခြေတွင် ရှာဖွေ တွေ့ရှိထားသော လေယာဉ် အစိတ်အပိုင်းတစ်ခုပုံ (ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ ၊ မတ် ၂၄ ရက် ( ဆင်ဟွာ )

မတ်လအစောပိုင်းက မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေ၌ တွေ့ရှိခဲ့သော လေယာဉ် အစိတ်အပိုင်းများသည် ပျက်ကျ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် MH370 ၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ လုံးဝနီးပါး သေချာကြောင်း သြစတြေးလျ ပို့ဆောင်ရေး ဝန်ကြီးက မတ်လ ၂၄ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ မိုဇမ်ဘစ်၌ တွေ့ရှိထားသော လေယာဉ် အစိတ်အပိုင်းနှစ်ခုသည် ပျောက်ဆုံးနေသော ဘိုးရင်း 777 ခရီးသည်တင် လေယာဉ်ကြီး၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ အပြောင်းအလဲ မရှိနိုင်ကြောင်း ၊ ပြီးခဲ့သော ရက်သတ္တပတ်က သြစတြေးလျနိုင်ငံ ကင်ဘာရာမြို ့ရှိ ကျွမ်းကျင် ပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က ရလဒ်အဖြေကို ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီး Darren Chester က ပြောကြားသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က အိန္ဒိယသမုဒ္ဒရာအတွင်း ပျောက်ဆုံးသွားသော MH370 လေယာဉ် ခရီးစဉ်မှ လေယာဉ်ကြီးကို သြစတြေးလျနိုင်ငံက ရှာဖွေမှုများ ဆက်လက် လုပ်ကိုင်နေပြီး ယခု တွေ့ရှိထားသော လေယာဉ် အစိတ်အပိုင်းနှစ်ခုသည် အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှ တဆင့် မျောပါလာရာမှ မိုဇမ်ဘစ် ကမ်းခြေတွင် သောင်တင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

“ ဒီ အပျက်အစီးပိုင်းနှစ်ခုဟာ MH370 လေယာဉ်ကြီးရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် စစ်ဆေး ဖော်ထုတ်ပေးခဲ့ကြတဲ့ သြစတြေးလျ ပို့ဆောင်ရေး ဆိုင်ရာ လုံခြုံမှု ဗြူရို ၊ ဘိုးရင်းကုမ္ပဏီ နှင့် မလေးရှား စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အကူအညီပေးနေတဲ့ ANU တက္ကသိုလ် စတဲ့အဖွဲ့အစည်း အားလုံးကို အသိအမှတ်ပြုပါတယ် ” ဟု ဝန်ကြီးက ကျေးဇူးတင် စကား ဆိုထားသည်။
ထို့ပြင် ပျောက်ဆုံး လေယာဉ်ကြီးကို ဆက်လက် ရှာဖွေ ရန်အတွက် အကျယ်အဝန်း၂၅,၀၀၀ စတုရန်း ကီလိုမီတာ ရှိသော သမုဒ္ဒရာ ရေပြင်အတွင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆုံးသတ်တွင် လေယာဉ်ကြီးကို ရှာဖွေ့တွေ့ရှိမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.