Africa & Middle East
ဆိုမာလီနိုင်ငံ တရားရုံးက အကြမ်းဖက်သမား ၃ဦးအား သေဒဏ်ချမှတ်
မိုဂါဒစ်ရှူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဆိုမာလီနိုင်ငံ Puntland ပြည်နယ် စစ်ခုံရုံး သည် စက်တင်ဘာ ၂၆ ရက်တွင် ပြစ်မှုထင်ရှားသော စစ်သွေးကြွ ၃ဦးအား သေဒဏ်ပေးခဲ့ပြီး အခြား ၃ဦးအား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Puntland ပြည်နယ် စစ်ခုံရုံး ဥက္ကဋ္ဌ Awil Ahmed Farah က တရားခံ ၆ဦးသည် Bosaso မြို့ ရှိ အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့ နှင့် IS စစ်သွေးကြွအုပ်စုများတွင် ပါဝင်နေသည်ဟု ပြစ်မှုထင်ရှားကြောင်းကို စက်တင်ဘာ ၂၆ ရက်တွင်တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းက အဆိုပါ စစ်သွေးကြွများကို ဒေသအတွင်း နောက်ဆုံးပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ခုံရုံးသည် Puntland စစ်တပ်မှ စစ်သား၂ဦးကိုလည်း တရားစီရင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော ၅နှစ်အတွင်း ဆိုမာလီနိုင်ငံ နိုင်ငံမြောက်ပိုင်း Puntland ပြည်နယ် Bari ဒေသ ၏ ဝေးလံခေါင်ဖျားသော ဧရိယာများ ရှိ အယ်လ်ရှာဘတ် နှင့် IS စစ်သွေးကြွများကို တိုက်ခိုက်နှိမ်နင်းမှုများပြုနေရကြောင်း သိရသည်။ (Xinhua)