Connect with us

Africa & Middle East

အစ္စရေးက အီရန်အား ဆန့်ကျင်မှု ဆက်လက်လုပ်ဆောင်သွားရန် သန္နိဌာန်ချမှတ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

နယ်စပ်တွင် လှုပ်ရှားနေသည့် အစ္စရေးနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ တင့်ကားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမန်နက်တန်ယာဟုသည် အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအား ဆန့်ကျင်မှု ဆက်လက်လုပ်ဆောင်သွားရန်စက်တင်ဘာ ၂၆ ရက်က သန္နိဌာန်ချမှတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

နက်တန်ယာဟုက ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်စဉ်အတွင်း နယူးယောက်မြို့၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် အထက်ပါ မှတ်ချက်စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အစ္စရေးနိုင်ငံအနေနဲ့ ဆီးရီးယား ၊ လက်ဘနွန် နဲ့ဘယ်နေရာမျိုးမှာမဆို အီရန်ရဲ့ ကျူးကျော်ရန်စလာမှုကို ခုခံကာကွယ်ဖို့၊ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ ” ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အစ္စရေးနိုင်ငံဘက်မှ ရာနှုန်းပြည့် ရှိကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို နှစ်နိုင်ငံချင်း အဖြေရှာရန် ၎င်း၏ သဘောထားကို ထုတ်ဖော်ခဲ့ပြီး အစ္စရေးနိုင်ငံအနေဖြင့် “ တစ်ခုခုလုပ်ရင် ကောင်းမှာပါ” ဟုဆိုခဲ့သည်။

“ နှစ်ဘက်စလုံးအတွက် အကောင်းဆုံးဖြစ်စေမယ့် လုပ်ဆောင်ချက်တွေပါ” ဟု ထရမ့်က အသိပေးပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် အီးယူအဖွဲ့ဝင် ၈ နိုင်ငံက အစ္စရေးနိုင်ငံအနေဖြင့် အနောက်ဘက်ကမ်းရှိ Bedouin ကျေးရွာဖျက်သိမ်းရေးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ အီယူက အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် နှစ်နိုင်ငံချင်း ဖြေရှင်းရေး မူတစ်ခုကို တွန်းအားပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.