Connect with us

Africa & Middle East

အီရတ် အလှမယ်ဟောင်း ဘဂ္ဂဒက်မြို့တွင် အသတ်ခံရ

၂၀၁၅ ခုနှစ် ဘဂ္ဂဒက်အလှမယ်တစ်ဦး Tara Fares အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် အီရတ်အလှမယ်နှင့် ၂၀၁၅ ခုနှစ် ဘဂ္ဂဒက်အလှမယ်တစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် Tara Fares သည် စက်တင်ဘာလ ၂၇ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အမည်မသိအမျိုးသားတစ်ဦး၏ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သေနတ်ဒဏ်ရာ သုံးချက်ဖြင့်သေဆုံးသွားသည့် Fares ၏ ရုပ်အလောင်းအား ဘဂ္ဂဒက်ရှိဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်။

လက်ရှိတွင် မော်ဒယ်တစ်ဦးဖြစ်သူ Fares သည် တူရကီနိုင်ငံနှင့် အီရတ်နိုင်ငံအကြား နေထိုင်လေ့ရှိပြီး မကြာသေးမီက ယူအေအီးနိုင်ငံတွင် နေထိုင်ခဲ့သည်။

၎င်းသည် ၂၀၁၄ ခုနှစ် အီရတ် အလှမယ်ဆု ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဘဂ္ဂဒက်မြို့ အနောက်ပိုင်းတွင် ကျင်းပသည့် အလှမယ်ပြိုင်ပွဲတွင် ဘဂ္ဂဒက်အလှမယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရစဉ် ၎င်းနှင့်အတူ လိုက်ပါသွားသော ပုဂ္ဂိုလ်တစ်ဦးအား စစ်မေးနေကြောင်း ဝန်ကြီးဌာနက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.