Connect with us

Africa & Middle East

ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ တားမြစ်ပိတ်ဆို့ထားမှုများအား အမေရိကန် ဖြေလျှော့ပေး

ဆူဒန်နိုင်ငံရှိ စက်မှုလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် အပြုသဘောတိုးတက်လာသော ဆူဒန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရ က ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ ပိတ်ဆို့တားမြစ်မှုများကို အောက်တိုဘာ ၆ရက် က ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Heather Nauert က “လွန်ခဲ့တဲ့ ကိုးလအတွင်းမှာ ဆူဒန်အစိုးရရဲ့လုပ်ဆောင်ချက်တွေ အရ ဆူဒန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆူဒန်နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာတာကို မြင်တွေ့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

Nauert က ဆူဒန်အစိုးရ၏ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များကြောင့် ပိတ်ဆို့တားမြစ်မှုများ ကို ဖြေလျှော့ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။တစ်ဆက်တည်းမှာပင် ၎င်းက ဆူဒန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ “အကြမ်းဖက်သမားများအား ထောက်ပံ့နေသည့် နိုင်ငံများ” စာရင်းတွင် ကျန်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ်အိုဘားမား တာဝန်မှ အနားမယူခင် ဆူဒန်နိုင်ငံအပေါ် ပြစ်ဒဏ်များကို ယာယီပယ်ဖျက်ပေးစဉ်ကတည်းက ဆူဒန်သည် ၎င်းတို့အပေါ် ၁၉၉၇ခုနှစ်ကစ၍ ချမှတ်ခဲ့သည့် ပိတ်ဆို့တားမြစ်မှုများကို ပြန်လည်ပယ်ဖျက်ပေးရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားခဲ့ကြသည်။

ဇန်နဝါရီလတွင် အိုဘားမားလက်မှတ်ရေးထိုးပေးခဲ့သော အမိန့်စာအရ အမေရိကန်နိုင်ငံသည် ဆူဒန်နှင့် ကုန်သွယ်မှုရပ်ဆိုင်းထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် နှင့် အစောပိုင်း ပိတ်ဆို့တားမြစ်မှုများတွင် ပါဝင်သည့် ဆူဒန်အစိုးရ၏ ပိုင်ဆိုင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။သို့သော် ထရမ်အစိုးရတက်လာပြီး ဇူလိုင်လတွင် ဆူဒန်အပေါ် ကုန်သွယ်ရေးရပ်ဆိုင်းထားမှုအား ပြန်လည်ဖြေလျှော့ပေးသင့်၊မပေးသင့်အား စဉ်းစားဆုံးဖြတ်ရန် အတွက် စောင့်ကြည့်ကာလ ၃လ ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.