Connect with us

Africa & Middle East

အမေရိကန်က ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိ THAAD ဒုံးခွင်းဒုံးများကို ဆော်ဒီသို့ရောင်းချရန် အတည်ပြု

THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိသည့် THAAD ဒုံးကျည်ကာကွယ်ရေး လက်နက်များ ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆော်ဒီသည် အမေရိကန်နိုင်ငံမှ THAAD ဒုံးကျည်ကာကွယ်ရေး လက်နက် ၄၄ခု၊ ဒုံးကျည် ၃၆၀ခု၊ စစ်သင်္ဘောများတွင် အသုံးပြုသည့် မီးထိန်းချုပ်ခန်း ၁၆ခု နှင့် ရေဒါ ၇ခု ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
ယင်းရောင်းချမည့်အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီအာရေဗျသို့ရောက်ရှိစဉ် ကြေညာခဲ့သော အမေရိကန်ဒေါ်လာ ၁၁၀ဘီလီယံတန် ကာကွယ်ရေးပစ္စည်းများ နှင့် ဝန်ဆောင်မှု ရောင်းချရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ယခုရောင်းချမည့်အစီအစဉ်ကြောင့် ဆော်ဒီအာရေဗျသည် ဒေသတွင်း ကြီးထွားလာသော တိုက်ချင်းပစ်ဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်နိုင်စွမ်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပင်တဂွန်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းသို့ရောင်းချမှု နှင့် ပတ်သက်၍ လွှတ်တော်သို့ အသိပေးအကြောင်းကြားခဲ့ပြီး ရက်ပေါင်း ၃၀ အချိန်ယူ သုံးသပ်ခဲ့ကြကြောင်း သိရသည်။တိုက်ချင်းပစ်ဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်ရန် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖြန့်ကျက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117