Connect with us

Africa & Middle East

ဆော်ဒီတွင် လူမှုကွန်ရက်၌ လှုံ့ဆော်မှုပြုလုပ်သူ ၄၆ဦးကို ဖမ်းဆီးထိန်းသိမ်း

လူမှုကွန်ရက် အပလီကေးရှင်းတစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံသည် ကာတာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၄၆ဦးအား လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများပြုလုပ်သည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ဖော်ပြခဲ့သည်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဆော်ဒီ နိုင်ငံသား ၂၁ဦး နှင့် ကာတာနိုင်ငံသား ၁ဦး အား လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးဗီဒီယိုဖိုင်များ ဖြန့်ဝေပျံ့နှံ့စေမှုဖြင့် ဖမ်းဆီးထားခဲ့ကြောင်း ပါရှိသည်။

၎င်းတို့၏ ရည်ရွယ်ချက်များကို သိရှိစေရန် အဆိုပါ ကိစ္စရပ်အား စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ဆိုက်ဘာရာဇဝတ်မှုဥပဒေဖြင့် ထောင်ဒဏ် ၅နှစ် ချမှတ်နိုင်ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် လူမှုကွန်ရက်တွင် သတင်းအမှားပျံ့နှံ့ခြင်းကြောင့် Ha’li ပြည်နယ်အုပ်ချုပ်ရေးမှူး ရုံးချုပ်ရှေ့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီးနောက် လူ ၂၄ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ကြေညာခဲ့သည်။

ဝန်ကြီးဋ္ဌာနက လူမှုကွန်ရက်ရှိ လှုံ့ဆော်မှုအကြောင်းအရာ အတိအကျကို ရှင်းလင်းဖော်ပြခြင်းမရှိဘဲ ယင်းဖြစ်စဉ်တွင် တရားခံများ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးနေသည့်အပြင် အဆိုပါ ကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အခြားသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထို့ပြင်ဝန်ကြီးဋ္ဌာနက ပြည်သူများ ၏ လုံခြုံရေး နှင့် လူမှုလုံခြုံရေးကို ထိပါးနှောင့်ယှက်စေနိုင်သည့် အလိမ်အညာစကားများ ဖြန့်ဝေနေသူများကို တရားဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.