Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံး၊ ၁၀ ဦးခန့် ပိတ်မိနေ

ဆူဒန်နိုင်ငံရှိ ရွှေတွင်းတစ်တွင်း၌ အလုပ်လုပ်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခါတွန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးမှာ အတွင်း၌ ပိတ်မိနေခဲ့ကြောင်း ဆူဒန်နိုင်ငံ သတ္တုအရင်းအမြစ်များကုမ္ပဏီက ဒီဇင်ဘာလ ၈ ရက်ညနေပိုင်းတွင် ကြေညာလိုက်သည်။

“ဆူဒန်နိုင်ငံမြောက်ပိုင်း Nahral-Neel ပြည်နယ်က Qabqaba နယ်မြေရှိ မိုင်းတွင်းက ဒီဇင်ဘာလ ၆ ရက်က ပြိုကျခဲ့တာပါ၊ မိုင်းတွင်းလုပ်သား သုံးဦးသေဆုံးပြီး အခြားသူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်”ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“မိုင်းတွင်းလုပ်သား ၁၀ ဦးကျော်လည်း အထဲမှာ ပိတ်မိနေတုန်းပဲ၊ ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့တွေနဲ့ ဆက်သွယ်နေပါတယ်။ ဒဏ်ရာရ မိုင်းတွင်းလုပ်သားတွေကတော့ အခြေအနေကောင်းပါတယ်” ဟု ဖော်ပြထားသည်။ဆူဒန်နိုင်ငံ၏ စာရင်းအင်းများအရ ဆူဒန်နိုင်ငံသား ၂ သန်းဝန်းကျင်မှာ နိုင်ငံ၏ ရွှေ ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်နေသော သမားရိုးကျသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြောင်း သိရသည်။ (Xinhua)