Connect with us

Africa & Middle East

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် တပ်ဖွဲ့ထံမှ နိုင်ငံ အနောက်ပိုင်းနယ်စပ် ဒေသရှိ Al-Qa’im မြို့ကို ပြန်လည် သိမ်းပိုက်

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က အစိုးရ တပ်ဖွဲ့အနေဖြင့် IS အစွန်းရောက် တပ်ဖွဲ့ထံမှ ဆီးရီးယား နိုင်ငံ နယ်စပ် အနီးရှိ Al-Qa’im မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့၌ Al-Qa’im မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ဆီးရီးယား နိုင်ငံ သို့သွားရောက်သည့် ဟူဆိုင်ဘာ နယ်စပ် စစ်ဆေးရေး ဂိတ်ကိုလည်း ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့ မှ စတင်၍ နိုင်ငံ အနောက်ပိုင်း ဒေသရှိ IS အစွန်းရောက် အဖွဲ့အစည်း မှ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် ရရှိရန် စစ်ဆင်ရေး အသစ် စတင်ဆောင်ရွက်ခဲ့သည်။ Al-Qa’im မြို့သည် အီရတ် နိုင်ငံ မြို့တော် အနောက်ဘက် ၃၃၀ ကီလိုမီတာ အကွာအဝေး တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး အီရတ် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ သို့သွားရောက်ရန် အရေးပါသော လမ်းပန်းဆက်သွယ်ရေး မြို့တစ်မြို့ဖြစ်သည်။

၂၀၁၄ ခုနှစ် အချိန်တွင် IS အစွန်းရောက် အဖွဲ့အစည်း သည် အီရတ် နိုင်ငံ အနောက်ပိုင်းရှိ ဒေသ အများအပြား ကို သိမ်းပိုက်ခဲ့ရာ အစိုးရ တပ်ဖွဲ့၏ ၃ နှစ်ကြာ တိုက်ခိုက်မှု အပြီးတွင် ဒေသအများစု ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ၊ အီရတ် နိုင်ငံ ဝန်ကြီးချုပ် က ယခု နှစ် မကုန်မီ အီရတ် နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့ဝင်များ အားလုံးကို ချေမှုန်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့၌ ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.