Africa & Middle East
ဆော်ဒီအမျိုးသမီးများအား ကားမောင်းလိုင်စင်ထုတ်ပေးရန် ဆော်ဒီဘုရင် အမိန့်ပေး
ရီယာ့ဒ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆော်မန်ဘင်အဗ္ဗဒူလာဇစ် က နိုင်ငံအတွင်းရှိ အမျိုးသမီးများအား ကားမောင်းလိုင်စင် ထုတ်ပေးရန် စက်တင်ဘာ ၂၆ ရက်က တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ယင်းအမိန့်သည် ယခင်က အမျိုးသား နိုင်ငံသားများ နှင့် နိုင်ငံအတွင်းနေထိုင်သူ အမျိုးသားများကိုသာ ကားမောင်းခွင့်ပြုပြီး ဆယ်စုနှစ်တစ်ခုကြာ အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာသာရေးပညာရှင်အများစုက အတည်ပြုပေးခဲ့သည့် ယင်းအမိန့်အရ အမျိုးသမီးများအား ကားမောင်းခွင့်ပြုခြင်းသည် အနုတ်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ပိုမိုများပြားလာနိုင်ကြောင်း နိုင်ငံပိုင်ဆော်ဒီသတင်းဋ္ဌာနကဖော်ပြခဲ့သည်။ (Xinhua)