Connect with us

Africa & Middle East

ဂျေရုစလင် မြို့ဟောင်း တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ရာ အနည်းဆုံး လူ ၃ ဦး သေဆုံး

ဂျေရုစလင် မြို့ဟောင်း ရှိ အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဂျေရုစလင်မြို့ အနီး၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်အထိ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်ခိုက်သူ တစ်ဦး သည် ဂျေရုစလင် မြို့ အနီးရှိ ကားအဝင်/ထွက် စစ်ဆေးရေးဂိတ် ရှိ အစ္စရေး နိုင်ငံ မှ လုံခြုံရေး ဝန်ထမ်းများ ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ က တိုက်ခိုက်သူ ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သော်လည်း တိုက်ခိုက်သူ နှင့် သေဆုံး ဒဏ်ရာရရှိသူ များနှင့် ပတ်သက်သည့် အချက်အလက် များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

လက်ရှိချိန်တွင် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စက်တင်ဘာ ၂၆ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.