Connect with us

Africa & Middle East

နေတိုးအကြီးအကဲ နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး တို့ ကဘူးလ်မြို့သို့ ရောက်ရှိစဉ် ပေါက်ကွဲမှုဖြစ်ပွား

အာဖဂန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့မြောက်ဘက်ခြမ်း ရှိ လေဆိပ်တစ်ခုအနီးတွင် စက်တင်ဘာ ၂၇ ရက်က ပေါက်ကွဲမှုတစ်ခု နှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားခဲ့သည်။

ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်း မြောက်ဘက်ခြမ်း ရှိ ဂိတ်တစ်ခုတွင် နံနက် ၁၁နာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတစ်ဆက်တည်း သေနတ်ပစ်ခတ်မှုများ နှင့် လက်ပစ်ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Mohammad Wasim က ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက ပေါက်ကွဲမှုများဖြစ်ပွားပြီးချိန်တွင် စစ်ဘက်ရဟတ်ယာဉ်များ သည် အဆိုပါ ဧရိယာ အပေါ်တွင်ပျံသန်းနေပြီး လေဆိပ်မှ ဥသြဆွဲသံကိုလည်း ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဖဂန်ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Najib Danish က ဟာမစ်ကာဇိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ ဧရိယာတွင် ဒုံးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိကြောင်း တွစ်တာ၌ပြောကြားခဲ့သည်။

မည်သည့်အဖွဲ့လုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် နေတိုးတပ်ဖွဲ့အကြီးအကဲ နှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တို့ အာဖဂန်နိုင်ငံသို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင်လည်း ကဘူးလ်မြို့အနောက်ဘက်ခြမ်းတွင် နေတိုးတပ်ဖွဲ့၏ ယာဉ်တန်းကို ဗုံးဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် အာဖဂန်နိုင်ငံသား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.