Africa & Middle East
ဆေးရှဲနိုင်ငံသမ္မတက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးထိရောက်မှုကို အသိအမှတ်ပြု
ဗစ်တိုးရီးယား၊ မေ ၁၂ ရက် (ဆင်ဟွာ)
Sinopharm မှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ထိရောက်မှု ရှိကြောင်း ဆေးရှဲနိုင်ငံသမ္မတ Wavel Ramkalawan က မေ ၁၀ ရက်တွင်ပြောကြားသည်။“အရေးကြီးတာကို ဖော်ညွှန်းချင်တာက ဆေးရှဲနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးတဲ့သူတွေထဲမှာ သေဆုံးတဲ့မှတ်တမ်းမရှိဘူး ။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ကို ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုပြသတာဖြစ်တယ်’’ ဟု ၎င်းက ဆေးရှဲသတင်းဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ဆေးရှဲနိုင်ငံသည် Sinopharm ကာကွယ်ဆေး အသုံးပြု၍ ဇန်နဝါရီလတွင် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား စတင်ခဲ့ပြီး၊ သမ္မတက ပထမဆုံးကာကွယ်ဆေးထိုးမှုခံယူခဲ့သည်။
“သေဆုံးသူ မရှိသလို လူနာတွေလည်းပြန်ပြီးကောင်းမွန်လာတယ်။ ဒါက ကာကွယ်ဆေးရဲ့ ထိရောက်မှုဖြစ်တယ်။ တကယ်လို့ ကာကွယ်ဆေးက ထိရောက်မှုမရှိခဲ့ဘူးဆိုရင် ရောဂါကူးစက်ခံရချိန်မှာ လူတွေ သေဆုံးနိုင်ပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေလည်း အများကြီးရှိလိမ့်မယ်’’ ဟု၎င်းကဆိုသည်။ (Xinhua)
———————————————
(English Version)
Seychellois president recognizes Chinese-made COVID-19 vaccine’s efficacy
VICTORIA, May 11 (Xinhua) — The vaccine produced by Sinopharm works effectively against COVID-19 virus, Seychellois President Wavel Ramkalawan said on Monday.
“It is important to mention that up to this date, Seychelles has not recorded any case of mortality of people fully vaccinated. And this has shown us the efficacy of the vaccination,” he said during an exclusive interview with the Seychelles News Agency.
Seychelles began its vaccination campaign in January using Sinopharm vaccines, and the president became the first in the country to receive the vaccine.
“There were no lives lost and the patients have recuperated; this is the efficiency of the vaccine. If the vaccine were not effective, people would have died when infected and there would have been many more people requiring hospitalisation,” he said. Enditem