Connect with us

Africa & Middle East

အစ္စရေး-ပါလက်စတိုင်း အကြမ်းဖက်မှုမြင့်တက်နေစဉ် ဂါဇာကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

ဂျေရုဆလင်၊မေ ၁၂ ရက်(ဆင်ဟွာ)

အစ္စရေး-ပါလက်စတိုင်း နှစ်ဖက် အကြမ်းဖက်မှု တင်းမာမြင့်တက်နေစဉ်အတွင်း ပါလက်စတိုင်းဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၏ ဂါဇာကမ်းမြောင်တွင် တနင်္လာနေ့၌ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ Rafah မြို့တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ Rafah မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာမြို့ရှိ Shati ဒုက္ခသည်စခန်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် နေအိမ်များ ပျက်စီးနေသည်ကို မေ ၁၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်မြို့ရှိ Al-Aqsa ဗလီအနီးတွင် ဆန္ဒပြနေသည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က မေ ၁၀ ရက်တွင် ဖမ်းဆီးနေစဉ်(ဆင်ဟွာ)

ဂျေရုဆလင်မြို့ဟောင်းအနီး မေ ၁၀ ရက်က Al-Aqsa ဗလီတွင် အစ္စရေး-ပါလက်စတိုင်း နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အနောက်ဘက်ကမ်း Hebron မြို့တွင် အစ္စရေးဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြနေကြသော ပါလက်စတိုင်းပြည်သူများကို မေ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဘက်ကမ်း Bethlehemမြို့တွင် မေ ၁၀ ရက်က အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ပါလက်စတိုင်းဆန္ဒပြသမားများကို အစ္စရေးနယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၈ ဦးက မျက်ရည်ယိုဗုံးဖြင့် ဖြိုခွဲနေစဉ်(ဆင်ဟွာ)

အနောက်ဘက်ကမ်း Nablus မြို့ Huwwara စစ်ဆေးရေးဂိတ်အနီးတွင် မေ ၁၀ ရက်က ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများ ထိပ်တိုက်တွေ့ဆုံနေစဉ်(ဆင်ဟွာ)

ထို့ပြင် အစ္စရေးက အင်္ဂါနေ့အထိ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း မျက်မြင်သက်သေများက ဆိုသည်။
အရှေ့ဂျေရုဆလင်မှ ပါလက်စတိုင်းမိသားစုဝင်အချို့ကို အတင်းအကျပ်မောင်းထုတ်သည့် အစ္စရေး၏ အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် အရှေ့ဂျေရုဆလင်မြို့အပြင် အနောက်ဘက်ကမ်းရှိ အဓိက မြို့ကြီးများဖြစ်သော Bethlehem ၊ Hebron နှင့် Nablus စသည့်မြို့များတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိရာ တနင်္လာနေ့အထိ အစ္စရေးစစ်သားများ နှင့် ပါလက်စတိုင်းလူမျိုးများအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
———————————————
(English Version)
Israel launches airstrikes at Gaza amid escalation of Israeli-Palestinian violence

JERUSALEM, May 11 (Xinhua) — At least 20 Palestinians, including nine children, were killed on Monday in the Gaza Strip by Israeli airstrikes in response to the rockets fired from the Palestinian enclave, amid escalation of violence between the two sides. The Israeli strikes continued until Tuesday morning, witnesses said.
Palestinians continued to clash with Israeli soldiers on Monday in East Jerusalem as well as major West Bank cities of Bethlehem, Hebron and Nablus, in protest against Israel’s plan to evict some Palestinian families from East Jerusalem.