Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအရှိန် မြင့်တက်လာ၊ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဘက်ပေါင်းစုံက တိုက်တွန်း

ပေကျင်း၊ မေ ၁၃ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် မေ ၁၀ ရက် ညပိုင်းမှစ၍ ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်သည်အထိ အရှိန်မြင့်လာခဲ့ရာ ပါလက်စတိုင်းဘက်တွင် လူပေါင်း ဒါဇင်နှင့်ချီသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သလို အစ္စရေးဘက်ကလည်း ဒဏ်ရရသူ ဒါဇင်နှင့်ချီ ရှိကြောင်း သိရသည်။

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelonမြို့တွင် ဒုံးကျည်ပစ်ခံရသည့် နေအိမ်အား မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Rafahမြို့ တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း Nablusမြို့အနီးတွင် ပါလက်စတိုင်းနှင့်အစ္စရေး ပဋိပက္ခဖြစ်ပွားနေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသည့် အစ္စလာမ့်တော်လှန်ရေးလှုပ်ရှားမှု (ဟာမာ့စ်)အဖွဲ့က မေ ၁၀ ရက် ညပိုင်းတွင် အရှေ့ဂျေရုဆလင်Al-Aqsa ဗလီကျောင်းနှင့် Sheikh Jarrahဒေသ အစ္စရေးရဲနှင့်စစ်တပ်ကို ဆုတ်ခွါဖို့ တောင်းဆိုခဲ့သော်လည်း အောင်မြင်မှုမရှိခြင်းကြောင့် အစ္စရေးကို ဒုံးကျည်များနှင့် အကြီးအကျယ်ပစ်ခတ်ခဲ့သည်။

အစ္စရေးစစ်တပ်၏ ပြောကြားချက်အရ မေ ၁၀ ရက် ညပိုင်းမှ ၁၁ ရက်အထိ ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်းလက်နက်ကိုင်များ ပစ်ခတ်သည့် ဒုံးကျည် အလုံး (၃၀၀)ကျော်ရှိသော်လည်း (၉၀)ရာခိုင်နှုန်းကို “Iron Dome”အစ္စရေးကာကွယ်ရေးစနစ်က တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

အွန်လိုင်းဗွီဒီယိုတွင် ဂါဇာမှပစ်လွှတ်လိုက်သည့် ဒုံးကျည်မီးခိုးတန်းများကို ဆက်တိုက်တွေ့မြင်ရပြီး အစ္စရေး“Iron Dome”၏ဒုံးခွင်းဒုံးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လေထဲတွင် ပေါက်ကွဲသည့်မီးတောက်များကို တွေ့မြင်ခဲ့ရသည်။

ဟာမာ့စ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ တပ်မဟာ Al-Qassam က အစ္စရေးရှိ Ashdodနှင့်Ashkelonမြို့ကို မေ ၁၁ ရက် ညနေပိုင်းက (၅)မိနစ်အတွင်း ဒုံးကျည် (၁၃၇)လုံး ပစ်လွှတ်ခဲ့ကြောင်း ဆိုသည်။

ဟာမာ့စ်တို့ မျဉ်းနီကို ကျော်လွန်နေပြီဖြစ်၍ အစ္စရေးက အင်အားနှင့်တုန့်ပြန်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်က မေ ၁၀ ရက် ညပိုင်းတွင် သတိပေးပြောကြားခဲ့သည်။ အစ္စရေးဘက်က စစ်လေယာဉ်၊ လက်နက်တပ်ဆင်ရဟတ်ယာဉ်များဖြင့် ဒုံးကျည်ပစ်လွှတ်ရာနေရာ၊ စစ်ရေးကင်းစခန်း၊ မြေပြင်တိုက်ခိုက်မှု ညွှန်ကြားရေးဌာန စသည့် ပစ်မှတ်နေရာ (၁၃၀)ခန့်ကို လက်တုန့်ပြန်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ပါလက်စတိုင်းလက်နက်ကိုင် (၁၅)ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု အစ္စရေးက ဆိုသည်။

ပါလက်စတိုင်း၏ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်(၉)ဦး အပါအဝင် သေဆုံးသူ (၂၆)ဦး ရှိရာ ဒဏ်ရာရသူ (၁၀၀)ကျော်ရှိကြောင်း သိရသည်။ အစ္စရေးဘက်က ဒုံးကျည်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၃၀)ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးသက်ဆိုင်ရာက ဆိုသည်။

ပဋိပက္ခဖြစ်ပွားနေသည့်အပေါ် နှစ်ဖက်စလုံးက သဘောထားတင်းမာလျက်ရှိသည်။ “ခင်ဗျားတို့ဘက်က ပြန်တိုက်ခိုက်ရင် ၊ ကျုပ်တို့ကလည်းတိုက်ခိုက်ရမှာပဲ။ အခြေအနေတင်းမာမှုတွေကို အရှိန်မြင့်တက်လာအောင် လုပ်ရင်တော့ ကျုပ်တို့ကလည်း အခြေအနေတင်းမာမှုအရှိန်ကို မြှင့်တင်ရမှာပဲ”ဟု ဟာမာ့စ်၏တပ်မဟာ Al-Qassamက အစ္စရေးကို သတိပေးပြောကြားထားသည်။

ဂါဇာကမ်းမြောင်လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေသည် အစောပိုင်းအဆင့်ဖြစ်ကြောင်း အစ္စရေး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Jonathan Conricusက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အခြေအနေကိုတုံ့ပြန်ရန် အရံတပ်ဖွဲ့ဝင် (၅,၀၀၀)ကို ပြင်ဆင်ထားကြောင်း အစ္စရေးက ယင်းနေ့တွင်ပင် ကြေညာခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းလက်နက်ကိုင်များကို တစ်ဆင့်တိုး အားဖြည့်တိုက်ခိုက်မှုများ ပြုလုပ်သွားရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စစ်တပ်အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးမှုအပြီးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက မေ ၁၁ ရက်ညပိုင်းက ပြောကြားခဲ့သည်။

အာရပ်နိုင်ငံများအဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးကို မေ ၁၁ ရက်တွင် ကျင်းပခဲ့ရာ ပါလက်စတိုင်း-အစ္စရေး၏နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ အာရပ်နိုင်ငံများအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul Gheitက ယင်းနေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယခုအကြိမ်ဖြစ်ပွားသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပိုမိုဆိုးဝါးတင်းမာလာခြင်းအတွက် အစ္စရေးကတာဝန်ယူသင့်ကြောင်း ဆိုသည်။ တစ်ချိန်တည်းတွင်ပင် အကြမ်းဖက်မှုပဋိပက္ခများကို တားဆီးရန် နိုင်ငံတကာအသိုက်အဝန်းက ချက်ချင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီအာဗျအစိုးရကလည်း ယခုအခြေအနေသည် အစ္စရေး၏တာဝန်ဖြစ်ကြောင်း ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Rupert Colvilleက ကုလသမဂ္ဂအနေဖြင့် အကြမ်းဖက် ပဋိပက္ခအရှိန်မြင့်တက်လာမှုကို အထူးဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်သည့်အရာနှင့် လူမျိုးရေးအတိုက်အခံလုပ်မှု မှန်သမျှကို ပြစ်တင်ရှုံ့ချကြောင်း ၊ အခြေအနေများ ပြန်လည်တည်ငြိမ်အောင်ဆောင်ရွက်သင့်ကြောင်း မေ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ပါလက်စတိုင်းလက်နက်ကိုင်များ၏ ဒုံးကျည်ပစ်ခတ်မှုကို ပြစ်တင်ရှုံချကြောင်း၊ အရှေ့ဂျေရုဆလင်စသည့်နေရာများတွင် အကြမ်းဖက်မှုအရှိန်မြင့်တက်နေသည်ကို ချက်ချင်းရပ်တန့်ဖို တိုက်တွန်းကြောင်း ဆိုသည်။

အရှေ့ဂျေရုဆလင် Sheikh Jarrahဒေသရှိ ပါလက်စတိုင်းမိသားစုများကို အစ္စရေးက နှင်ထုတ်ဖို့စီစဉ်ခြင်းသည် တရားဥပဒေနှင့်မညီကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မီးလောင်ရာလေပင့်သာ ဖြစ်စေကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက မေ ၁၁ ရက်တွင် ပြစ်တင်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ပါလက်စတိုင်းလက်နက်ကိုင်များ၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချလိုက်ပြီး အခြေအနေများ အေးဆေးအောင် ဘက်ပေါင်းစုံက ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
巴以冲突升级 多方敦促克制
2021-05-12 09:55:32
Image Carouse
新华社北京5月12日电(记者惠晓霜)巴勒斯坦与以色列之间的冲突10日晚开始升级为大规模火箭弹袭击和报复性空袭,巴勒斯坦方面数十人死亡、上百人受伤,以色列方面数十人受伤。
控制加沙地带的巴勒斯坦伊斯兰抵抗运动(哈马斯)要求以方10日晚从东耶路撒冷的阿克萨清真寺和谢赫杰拉地区撤走军警未果,因而向以色列发动大规模火箭弹袭击。
按照以色列军方的说法,10日晚至11日,加沙地带巴方武装人员发射超过300枚火箭弹,不过90%被以方“铁穹”防御系统拦截。一些网络视频画面显示,多枚火箭弹从加沙地带拖着白烟陆续腾空而起,而以方多枚“铁穹”拦截弹燃着尾焰飞向夜空,随后空中出现爆炸火光。哈马斯下属武装“卡桑旅”称,他们11日下午在5分钟内向以色列城镇阿什杜德和阿什凯隆发射137枚火箭弹。
以色列总理本雅明•内塔尼亚胡10日晚警告,哈马斯已“越过红线”,以方将“强力回应”。以方战机和武装直升机对加沙地带发动报复性空袭,打击大约130个目标,包括火箭弹发射架、军事哨所、地道和战地指挥官住所。以方称,15名巴方武装人员在空袭中死亡。
巴勒斯坦方面说,至少26人在空袭中死亡,包括9名儿童,100多人受伤。以色列方面说,以方至少30人在火箭弹袭击中受伤。
冲突双方都显示强硬态度。“卡桑旅”警告以方:“如果你们还击,我们也还击;如果你们让局势升级,我们也让局势升级。” 以色列军方发言人乔纳森•孔里库斯11日说,对加沙地带的空袭早有预案,现在处于“早期阶段”。以军11日宣布,已经动员5000名预备役军人应对局势。内塔尼亚胡的发言人11日晚些时候说,内塔尼亚胡与军方高官磋商后决定“进一步加强打击”加沙地带巴方武装人员。
阿拉伯国家联盟11日召开外交部长视频会议,讨论巴以最新局势。阿盟秘书长艾哈迈德•阿里•阿布•盖特当天发表声明,认为以方应就最新一轮巴以局势恶化及升级承担责任,同时呼吁国际社会立即采取行动,阻止暴力冲突。沙特阿拉伯政府也把局势恶化归咎于以方。
联合国人权事务高级专员办公室发言人鲁珀特•科尔维尔11日在记者会上说,这一联合国机构对暴力冲突升级“深表关切”,并且“谴责一切暴力以及煽动暴力和种族对立的行为”,局势应恢复平静。
欧洲联盟在一份声明中谴责巴方武装人员发射火箭弹,同时呼吁立即停止东耶路撒冷等地的暴力升级。欧盟外交与安全政策高级代表何塞普•博雷利10日谴责说,以方计划在东耶路撒冷谢赫杰拉地区驱逐巴勒斯坦家庭是非法行为,只能给紧张局势火上浇油。美国国务卿安东尼•布林肯则谴责巴方武装人员发射火箭弹,敦促各方采取行动为局势降温。

图说1: 5月11日,在加沙地带拜特哈嫩,人们运送空袭遇难者的遗体。(新华社发,亚西尔摄)
图说2:5月11日在以色列南部城市阿什凯隆拍摄的遭遇加沙地带火箭弹袭击的房间。(新华社/基尼图片社)
图说3:5月10日拍摄的加沙地带南部的拉法城市上空空袭后产生的火光。(新华社发,哈利德•奥马尔摄)
图说4:5月10日,巴勒斯坦人在约旦河西岸城市纳布卢斯附近与以色列人冲突。(新华社发,艾曼•诺巴尼摄)