Connect with us

Africa & Middle East

တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် မောရစ်သျှနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မောရစ်သျှနိုင်ငံခြားရေးဝန်ကြီး Vishnu Lutchmeenaraidoo တို့ ဇူလိုင် ၂၈ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေါ့တ်လူးဝစ္စစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ မောရစ်သျှခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် မှတ်ကျောက်တိုင်တစ်ခု ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်ကပြောကြားခဲ့သည်။

မောရစ်သျှနိုင်ငံ ခရီးစဉ် တွင် သမ္မတ ရှီ နှင့် အတူလိုက်ပါလာသော ဝမ်ရိ က မောရစ်သျှနိုင်ငံခြားရေးဝန်ကြီး Vishnu Lutchmeenaraidoo နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝမ် က ယင်းချစ်ကြည်ရေး ခရီးစဉ် သည် တရုတ်နိုင်ငံ နှင့် မောရစ်သျှနိုင်ငံ အကြား အပြန်အလှန်ယုံကြည်မှု နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုတွင် မောရစ်သျှနိုင်ငံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အတွက် နယ်ပယ်သစ်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မောရစ်သျှနိုင်ငံခြားရေးဝန်ကြီး Vishnu Lutchmeenaraidoo က ရှီ၏ခရီးစဉ် မှ ရလဒ်များကို တရုတ်နိုင်ငံနှင့် ပြီးမြောက်အောင် ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

၎င်းက မကြာခင်ပြုလုပ်မည့် FOCAC ပေကျင်းထိပ်သီးအစည်းအဝေး သို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.