Connect with us

Africa & Middle East

တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အရေးပါသည့် ကူညီထောက်ပံ့မှု ပေးနိုင်မည် ဖြစ်ကြောင်း ဇင်ဘာဘွေ သမ္မတ ပြောကြား

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

Harare ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က တရုတ် နိုင်ငံ (ဟူနန်) ကပ်ရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အနေဖြင့် ဇင်ဘာဘွေနိုင်ငံ သို့ ရောက်ရှိလာခဲ့ခြင်းမှာ ဇင်ဘာဘွေ နိုင်ငံ နှင့် တောင်အာဖရိကရှိ နိုင်ငံ များ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အတွက် အလွန် အရေးပါသည့် ကူညီထောက်ပံ့မှု ဖြစ်ကြောင်း မေ ၁၂ ရက် ၌ ပြောကြား ခဲ့သည်။

Mnangagwa က သမ္မတ အိမ်တော် ၌ ကျင်းပပြုလုပ်သည့် ကြိုဆိုပွဲ အခမ်းအနား တွင် လက်ရှိတွင် ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အရေးပါသည့် အချိန်ကာလ ဖြစ်ပြီး တရုတ် နိုင်ငံ ပညာရှင် တို့ ၏ ရှေ့တန်း ၌ ဆေးဝါးကုသသည့် အတွေ့အကြုံများသည် ဇင်ဘာဘွေ နိုင်ငံ လက်တွေ့ အရေးပေါ်လိုအပ်နေသည့် အတွေ့အကြုံများ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင်များ နှင့် ဖလှယ်ခြင်း အားဖြင့် ဇင်ဘာဘွေ နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ၏ ဆေးဝါးကုသမှု အဆင့်အတန်း ကို မြှင့်တင်ပေးနိုင်မည် ကို ခိုင်မြဲစွာ ယုံကြည်ကာ ဇင်ဘာဘွေ နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်မှု စွမ်းရည် ကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

 တရုတ် နိုင်ငံ (ဟူနန်) ကပ်ရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ မေ၁၁ ရက်က ဇင်ဘာဘွေ နိုင်ငံ သို့ ရောက်ရှိခဲ့စဉ်(ဆင်ဟွာ)

ထို့ပြင် Mnangagwa က COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ တရုတ် နိုင်ငံ အစိုးရ နှင့် တရုတ် နိုင်ငံ ဟူနန် နှင့် ကန်းဆူး စသည့် ပြည်နယ် များ နှင့် ဇင်ဘာဘွေ နိုင်ငံ ရှိ တရုတ် လူမျိုးများ က ဇင်ဘာဘွေ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းပေး ခဲ့ကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု ကို လွန်စွာ တန်ဖိုးထားပြီး နက်ရှိုင်းစွာ ကျေးဇူးတင်လိုကြောင်း ၊ ယင်းကူညီထောက်ပံ့မှု ပစ္စည်းများ က ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ သို့ စေလွှတ်ခဲ့သည့် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က တရုတ် နိုင်ငံ ဟူနန် ပြည်နယ် ရှိ ဌာန ၉ ခု မှ ဆေးဘက်ဆိုင်ရာ ပညာရှင် ၁၂ ဦး ပါဝင်ကြောင်း ၊ အဆိုပါ ပညာရှင်များသည် ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်း တွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိသူများ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ သည် မေ ၁၁ ရက်တွင် ဇင်ဘာဘွေ နိုင်ငံ မြို့တော် Harare သို့ရောက်ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)