Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ တွင် တစ်ရက်လျှင် လူပေါင်း ၃ သောင်း အထိ COVID-19 ရောဂါ စစ်ဆေးမှု တိုးမြှင့် ဆောင်ရွက်မည် 

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေလုစလင် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကျန်းမာရေးဝန်ကြီး Yuli Edelstein က ဇွန်လ ၉ ရက် ၌ ထုတ်ပြန်သည့် ကြေညာချက် တွင် အစ္စရေး နိုင်ငံ အနေဖြင့် လက်ရှိ တစ်ရက် လူပေါင်း ၁၆၀,၀၀ အား COVID-19 ရောဂါ စစ်ဆေးပေးနေမှု ကို  တစ်ရက်လျှင် လူပေါင်း ၃ သောင်းထိ စစ်ဆေးပေး နိုင်အောင် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးEdelstein က အစ္စရေး နိုင်ငံ တွင် လတ်တလောရက်ပိုင်း အတွင်း နေ့စဉ် COVID-19 ရောဂါ ကူးစက်ခံရသူ တစ်ရာ မှ နှစ်ရာ အထိ တွေ့ရှိခဲ့ရပြီး အဓိက အကြောင်းအရင်း မှ ပြည်သူများအနေဖြင့် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။ 

၎င်း က မေလ ၃၁ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် အစ္စရေး နိုင်ငံ အနေဖြင့် COVID-19 ရောဂါ စစ်ဆေးမှု အား တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရောဂါ စစ်ဆေး တွေ့ရှိသူ ၏ မိသားစုဝင်များ အနေဖြင့် ရောဂါလက္ခဏာ မရှိသော်လည်း ၎င်းတို့အား စစ်ဆေးမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ စာသင်ကျောင်း နှင့် ဘိုးဘွာရိပ်သာ စသည့် နေရာ များတွင် ရောဂါပိုးရှိသူ နှင့် အနီးကပ် ထိတွေ့မှု ရှိခဲ့သူများ အားလုံးကိုလည်း ရောဂါလက္ခဏာ မရှိသည့်တိုင်  စစ်ဆေးမှုများလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇွန် ၉ ရက် ညပိုင်း ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့ တွင် COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁၄၈ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၈,၁၈၀ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ တစ်ဦး ထပ်မံရှိခဲ့သဖြင့်  စုစုပေါင်းသေဆုံးသူ ၂၉၉ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါ မှ ပြန်လာသက်သာလာသူ ၃၂ ဦး တိုးမြင့်လာသဖြင့် စုစုပေါင်း ၁၅,၁၅၉ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေး နိုင်ငံတွင် လတ်တလောရက်ပိုင်း အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ရုတ်တရက် မြင့်မားလာသဖြင့် အစိုးရ ၏ ကာကွယ်ထိန်းချုပ်မှု ဖြေလျှော့ရေး အစီအစဉ်ကို အရေးပေါ် ရပ်ဆိုင်းခဲ့ရကြောင်း ဇွန် ၈ ရက် ၌ ပြောကြား ခဲ့သည်။  (Xinhua)