Africa & Middle East
တူရကီနိုင်ငံတွင် လူစုလူဝေးပြုလုပ်ခြင်းအား တစ်လ တားမြစ်
အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ မြို့တော် အန်ကာရာမြို့ အာဏာပိုင်များက ဇန်နဝါရီ ၁၀ရက်မှ စ၍ လူစုလူဝေးပြုလုပ်ခြင်းအား တစ်လကြာတားမြစ်သွားမည်ဖြစ်ကြောင်း သမ္မတ၏အုပ်ချုပ်မှုစနစ်အတွင်း ဥပဒေပြောင်းလဲမှုအတွက် မဲခွဲဆုံးဖြတ်ပြီးနောက် ကြေညာခဲ့သည်။
အန်ကာရာမြို့တော်ဝန်၏ သတင်းထုတ်ပြန်ရေးရုံးက လုံခြုံရေး အကြောင်းပြချက်များကြောင့် လူစုလူဝေးပြုလုပ်ခြင်းနှင့် လူထုချီတက်ပွဲအားလုံးကို တစ်လကြာတားမြစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခု၌ကြေညာခဲ့သည်။
တူရကီနိုင်ငံ အတိုက်အခံပါတီက သမ္မတ၏ အင်အားများလာစေရန် အစိုးရ၏ ကြိုးပမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အန်ကာရာမြို့ ရှိ လွှတ်တော်အနီး၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခုအား ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီးနောက်တစ်နေ့တွင် အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက် အစောပိုင်းတွင် တူရကီနိုင်ငံ အမျိုးသားလွှတ်တော် က သမ္မတ Recep Tayyip Erdogan ၏ လုပ်ပိုင်ခွင့်အာဏာကို အထောက်အပံ့ပေးနိုင်မည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)