Connect with us

Africa & Middle East

တန်ဇန်းနီးယား တွင် ကုန်သင်္ဘော တစ်စင်း တိမ်းမှောက် ၁၂ ဦးသေဆုံး

ကုန်တင် သင်္ဘော တစ်စင်း တိမ်းမှောက် ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါအဲဆလန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကုန်တင် သင်္ဘော တစ်စင်းသည် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တန်ဇန်းနီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Tanga မြို့ အနီးရှိ အိန္ဒိယ သမုဒ္ဒရာ တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် အနည်းဆုံး ၁၂ ဦးသေဆုံး ခဲ့ကြောင်း တန်ဇန်းနီးယား ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

Tanga ရဲဌာန ဌာနမှူး က ကုန်တင်သင်္ဘော သည် Tanga မြို့ မှ Pemba ကျွန်း ကို သွားရောက်စဉ် Tanga မြို့ နှင့် ၄ ကီလိုမီတာ ကွာဝေးသည့် ပင်လယ်ပြင် တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး သင်္ဘောပေါ်တွင် ပါရှိသည့် လူဦးရေ နှင့် တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဌာနမှူး က ဒေသတွင်းရှိ တံငါသည် များမှလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်လုပ်ဆောင် ခဲ့ပြီး ပင်လယ်ပြင်အတွင်းမှ ၂၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ ထိုသူများကို ကယ်ဆယ်ပြီးနောက်တွင် ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တိမ်းမှောက် ခဲ့သည့် သင်္ဘောသည် အစားအသောက်အများအပြား ၊ ဘီယာ နှင့် အခြား ကုန်ပစ္စည်းများ သယ်ဆောင်ထားစဉ်ဖြစ်ပွားခဲ့ပြီး ထိုအချိန်တွင် လှိုင်းလေ အနည်းငယ် ကြီးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.