Connect with us

Africa & Middle East

အာဖဂန် မြောက်ပိုင်း ပြည်နယ် လေကြောင်းတိုက်ခိုက်မှုတွင် စစ်သွေးကြွ ၈ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများသို့ ပစ်မှတ်ထားကာ အစိုးရ စစ်လေယာဉ်များက ဇန်နဝါရီလ ၁၂ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် တာလီဘန် စစ်သွေးကြွ ၈ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများသည် ကဘူးလ်မြို့ မြောက်ဘက် ၂၅၀ ကီလိုမီတာ အကွာရှိ ကွန်ဒုစ်မြို့ ပြင်ပ Alchin နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Nasratullah Jamshidi က ပြောကြားခဲ့သည်။

အဆိုပါ စစ်လေယာဉ်များသည် တာလီဘန်များ ပုန်းအောင်းသည့် နေရာများသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သွေးကြွများ၏ လက်နက် သိုလှောင်ရာ နေရာ ပျက်စီးသွားခဲ့ကြောင်း တရားဝင် စာရင်းအရ သိရသည်။

တာလီဘန်များဘက်ကမူ မှတ်ချက် တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.