Africa & Middle East
တောင်အာဖရိက နိုင်ငံ ရှိ လက်နက်သိုလှောင်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား အနည်းဆုံး လူ ၈ ဦး သေဆုံး
ကိပ်တောင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
တောင်အာဖရိက နိုင်ငံ ကိပ်တောင်း မြို့ အရှေ့ပိုင်း ၃၀ ကီလိုမီတာ အကွာအဝေး ခန့်ရှိ လက်နက်သိုလှောင်ရုံ တစ်ခု တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်း အချိန်၌ ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ကိပ်တောင်းမြို့ အစိုးရ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် လက်နက်သိုလှောင်ရုံ သည် ကိပ်တောင်းမြို့ အရှေ့ပိုင်းရှိ Somerset West မြို့တွင် တည်ရှိကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ကိပ်တောင်း မြို့ မီးသတ်ဌာန အနေဖြင့် အချင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေး အဖွဲ့ စေလွှတ်ခဲ့ရာ အချင်းဖြစ်ပွားရာ နေရာ တွင် လူ ၆ ဦး အား ကယ်ထုတ်နိုင်ခဲ့ကြောင်း ၊ စက်တင်ဘာ ၄ ရက် နံနက်ပိုင်း အချိန်ထိ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် အကြောင်းရင်း အား မသိရှိသေးဘဲ သက်ဆိုင်ရာ ဌာန များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မီဒီယာများအား ပြောကြား ခဲ့သည်။
ဒေသတွင်း ပြည်သူလူထု တို့၏ ပြောကြားချက်အရ ပေါက်ကွဲမှု မှာ လွန်စွာ ပြင်းထန်ပြီး တုန်ခါမှု အား သိသာစွာ ခံစားခဲ့ရကြောင်း သိရှိရသည်။(Xinhua)