Connect with us

Africa & Middle East

နိုင်ဂျီးရီယားနိုင်ငံတွင် စစ်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၃၀ သေဆုံး

ဘိုကိုဟာရမ် အစွန်းရောက် လက်နက်ကိုင်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

နိုင်ငံဂျီးရီယားအရှေ့မြောက်ပိုင်း Borno ပြည်နယ်ရှိ စစ်တပ်စခန်းတစ်ခုကို မကြာသေးမီရက်များက ဘိုကိုဟာရမ်(Boko Haram) များ ဝင်တိုက်ခိုက်ခဲ့ကြောင်း ၊အပြန်အလှန်ပစ်ခတ်မှုတွင် တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ သေဆုံး ခဲ့ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ စစ်ဘက်၏ စက်တင်ဘာ ၁ ရက် သတင်းများ အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုမှာ သြဂုတ် ၃၀ ရက်က Borno ပြည်နယ် Guzamalaဒေသရှိ ကျေးရွာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အနည်းဆုံး တပ်ဖွဲ့ဝင် ၃၀ သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသော တပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီရှိကြောင်း ၊လက်ရှိတွင် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များ၏ရုပ်လောင်းကို Borno ပြည်နယ်၏ မြို့တော် Maiduguri မြို့ သို့ ပို့ဆောင်ပြီးဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့က လက်နက်ကိုင်အချို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီးGuzamalaဒေသတွင် လက်နက်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူက သြဂုတ် ၃၁ ရက် တွင် ပြောကြားခဲ့သည်။ ဘိုကိုဟာရမ်(Boko Haram)အဖွဲ့ ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ဂျီးရီးယားအရှေ့ မြောက်ဘက်ဒေသများတွင် လှုပ်ရှားမှုများကြောင်း ၊ ၂၀၀၉ ခုနှစ်မှစ၍ နိုင်ဂျီးရီးယား မြောက်ပိုင်း နေရာ အများအပြားကို ထိန်းချုပ်ခဲ့ပြီး နိုင်ဂျီးရီးယားနှင့်အိမ်နီးချင်းနိုင်ငံများကို အကြမ်းဖက် တိုက်ခိုက်ရေးများ ပြုလုပ်လေ့ရှိသောကြောင့် လူသူသေဆုံဒဏ်ရာမှု အမြောက်အမြား ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကြာကာလတွင် နိုင်ဂျီးရီးယားအစိုးရက ဘိုကိုဟာရမ်(Boko Haram)များကို စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117