Connect with us

Africa & Middle East

မက္ကာတွင် သေဆုံးသူ အီဂျစ်ဘုရားဖူး ၆၈ဦးအထိ ရှိလာ

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မဟာဗလီကြီးသို့ လာရောက်ဝတ်ပြုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ သို့ ၂၀၁၈ခုနှစ်တွင် လာရောက်သော အီဂျစ်ဘုရားဖူးများ သေဆုံးမှုသည် ၆၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၃ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အသက် ၆၄နှစ်အရွယ် အီဂျစ်နိုင်ငံသားတစ်ဦး သည် Medina မြို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများ နှင့် သွေးပေါင်ရုတ်တရက်ကျဆင်းမှုကြောင့် သေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Khaled Megahed က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ အာဏာပိုင်များသည် ဆော်ဒီတာဝန်ရှိသူများ နှင့် ပူးပေါင်းညှိနှိုင်းကာ ဟာ့ဂျ်ရာသီအတွင်း သေဆုံးခဲ့သူ ဘုရားဖူးများ အတွက် သေဆုံးမှုလက်မှတ်ထုတ်ပေးရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မက္ကာမြို့၌ ၂၀၁၈ခုနှစ် တွင် ပြုလုပ်သော ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အီဂျစ်နိုင်ငံသား ၈၄,၀၀၀ ဦးကျော် လာရောက်ခဲ့ပြီး တစ်ကမ္ဘာလုံးမှ ဘုရားဖူး ၂.၄သန်းကျော်လာရောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် က ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အီဂျစ်ဘုရားဖူး ၇၀,၀၀၀ အနက် ၈၀ဦးကျော်သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.