Africa & Middle East
နိုင်ဂျီးရီးယားနိုင်ငံ၌ သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး
လာဂို့စ်၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာဒူနာပြည်နယ်တွင် သြဂုတ်လ ၂၉ ရက် ညနေကအမည်မသိ သေ နတ်သမားများ၏တိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က သြဂုတ်လ ၃၀ ရက်တွင်ပြောကြားခဲ့သည်။
ပြည်နယ်အတွင်း လော်ရာနယ်မြေ၊ ကီရီရွာတွင် တိုက်ခိုက်မှုအပြီး လူလေးဦးတို့၏ အလောင်းများကို တွေ့ရှိရပြီး ကျန်တစ်ဦးမှာ ရရှိသောဒဏ်ရာများကြောင့် နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကသံသယရှိရသူများအားဖမ်းမိနိုင်ရေးအတွက်စုံစမ်းစစ်ဆေးလျက် ရှိကြောင်းပြောခဲ့သည်။ အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သောဘီဂါ ကာတူကာ ကလည်းလူငါးဦးအသတ ် ခံရပြီးနှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းထောက်များသို့ပြောခဲ့သည်။ထို့ပြင် ၎င်းကရဲကင်းစခန်းတစ် ခုအပါအဝင်အိမ်အချို့လည်းဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်းသိရသည်။(Xinhua)