Connect with us

Africa & Middle East

လက်ဘနွန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက်လာသည့် အစ္စရေး မောင်းသူမဲ့ လေယာဉ်များအား ပစ်ခတ်

အစ္စရေး နိုင်ငံ မှ ထုတ်လုပ်သည့် မောင်းသူမဲ့ လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘေရွတ် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

လက်ဘနွန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၂၈ ရက် ၌ နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက် လာသည့် အစ္စရေး နိုင်ငံ မောင်းသူမဲ့ လေယာဉ် ၃ စင်း အား ပိုင်နက် မှ ထွက်ခွာသွားရန် ပစ်ခတ်မှု ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ယင်းဖြစ်စဉ် အား ပြန်လည် အတည်ပြု ထုတ်ပြန် ခဲ့သည်။

လက်ဘနွန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် သြဂုတ်လ ၂၈ ရက် ညပိုင်း အချိန်တွင် အစ္စရေး နိုင်ငံ ပိုင် မောင်းသူမဲ့လေယာဉ် ၃ စင်း က နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက် လာခဲ့ပြီး နိုင်ငံတောင်ပိုင်း နယ်စပ်ရှိ စစ်စခန်း တစ်ခု အထက် ကောင်းကင်တွင် ပျံသန်းမှုများ ဆောင်ရွက် ခဲ့ကြောင်း ၊ လက်ဘနွန် စစ်ဘက်ဆိုင်ရာ အနေဖြင့် ယင်းမောင်းသူမဲ့ လေယာဉ်များ ထွက်ခွာ သွားစေရန် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အစ္စရေး နိုင်ငံ မောင်းသူမဲ့ လေယာဉ်များ ပျံသန်း သည့် နေရာ တွင် လက်ဘနွန် နိုင်ငံ နယ်နိမိတ် အတွင်း မှ ပစ်ခတ်မှုများ ပြုလုပ်ခြင်း ကို ခံခဲ့ရကြောင်း ၊ သို့သော် မောင်းသူမဲ့ လေယာဉ်များ က တာဝန် ကို ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ပြီး ထိခိုက်ပျက်ဆီးမှု မဖြစ်ပွား ခဲ့ကြောင်း ပါဝင် ခဲ့သည်။

လတ်တလော ရက်ပိုင်း အတွင်း အစ္စရေး မောင်းသူမဲ့ လေယာဉ်များ လက်ဘနွန် လေပိုင်နက် အတွင်း ဝင်ရောက်မှု မကြာခဏ ဖြစ်ပွားခဲ့သည်။ လက်ဘနွန် စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၂၅ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အစ္စရေး နိုင်ငံ မောင်းသူမဲ့လေယာဉ် က နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက် ခဲ့ပြီး နိုင်ငံ မြို့တော် ဘေရွတ် တောင်ပိုင်း တွင် ဖျက်ဆီးမှု နှင့် ဖောက်ခွဲမှုများ ဆောင်ရွက်ခဲ့သောကြောင့် လက်ဘနွန် ဟစ်ဂ်ဘိုလာ အဖွဲ့ ၏ မီဒီယာ စင်တာ ထိခိုက်ပျက်ဆီးမှု ဖြစ်ပွား ခဲ့ကြောင်း ပါဝင် ခဲ့ပြီး လက်ဘနွန် နိုင်ငံပိုင် သတင်းဌာန ၏ သတင်းဖော်ပြချက်အရ အစ္စရေး နိုင်ငံ မောင်းသူမဲ့ လေယာဉ် က သြဂုတ်လ ၂၆ ရက် ၌ လက်ဘနွန် နယ်နိမိတ် အတွင်း ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး တပ်ဦး ၏ တပ်စခန်း တစ်ခု အား တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သော်လည်း သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၅ ရက် ၌ အစ္စရေး မောင်းသူမဲ့လေယာဉ် လက်ဘနွန် နယ်နိမိတ် အတွင်း တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွား ပြီးနောက် တွင် လက်ဘနွန် နိုင်ငံ သမ္မတ က အစ္စရေး ၏ နိုင်ငံ နယ်နိမိတ် အတွင်း ဆောင်ရွက်သည့် တိုက်ခိုက်မှုများ တွင် လက်ဘနွန် နိုင်ငံ အနေဖြင့် ကာကွယ်မှု ဆောင်ရွက်ခွင့် ရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ဟစ်ဂ်ဘိုလာ အဖွဲ့ ခေါင်းဆောင် က အနာဂတ် တွင် လက်ဘနွန် နိုင်ငံ အတွင်း ဝင်ရောက်လာသည့် အစ္စရေး မောင်းသူမဲ့လေယာဉ် များအား ပစ်ချသွားမည် ဟု သတိပေးချက် ထုတ်ပြန် ခဲ့သည်။(Xinhua)