Africa & Middle East
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် ပါလက်စတိုင်း တစ်ထောင်ကျော် ဒဏ်ရာ ရ
ဂါဇာ ၊ မေလ ၅ ရက်(ဆင်ဟွာ)
အစ္စရေးတို့၏နယ်မြေသိမ်းပိုက်မှုကို ဆန့်ကျင်သည့် ပါလက်စတိုင်းဆန္ဒပြပွဲများ မေ ၄ရက်က နေရာအနှံ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစ္စရေးစပ်တပ်က ဆန္ဒပြလူစုလူဝေးကို မျက်ရည်ယိုဗုံးများ၊ သေနတ်များ သုံး၍ပစ်ခတ်ဖြိုခွဲခဲ့သော ကြောင့် ပါလက်စတိုင်း တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းများက ဆို သည်။
ပဋိပက္ခကြောင့် ပါလက်စတိုင်း ၁၁၄၃ ဦး ဒဏ်ရရခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ ဒဏ်ရာရသူများတွင် အရွယ်မရောက်သေးသည့်ကလေးသူငယ် ၁၄၉ ဦး နှင့် အမျိုးသမီး ၈ ဦး ပါဝင် ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။
ပဋိပက္ခဖြစ်ပွားမှု အပြင်းထန်ဆုံးနေရာဖြစ်သည့် အစ္စရေးနယ်စပ်နှင့်ဆက်စပ်နေသော ဂါဇာအရှေ့ ကမ်းမြှောင်ဒေသတွင် လူပေါင်းရာချီသော ပါလက်စတိုင်းဆန္ဒပြသူများက ပါလက်စတိုင်း နိုင်ငံ အလံ ကို ကိုင်ပြီး အော်ဟစ်ကြွေးကြော်ကြသည့်အပြင် ကားတာယာများကို မီးရှို့ပြီး နယ်ခြားစောင့် အစ္စရေး စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်သားများကလည်း ဆန္ဒပြလူစုလူဝေးကို မျက်ရည်ယို ဗုံးများ၊သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
မတ်လ ၃၀ ရက်မှစတင်ကာ ပါလက်စတိုင်းတို့သည် ဂါဇာဒေသ နယ်စပ်တစ်လျှောက်တွင် နယ်မြေ ပြန်လည်ရရှိ ရေးဆန္ဒပြလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ရာ အစ္စရေး စစ်သားများနှင့် ပဋိပက္ခများ အဆက် မပြတ်ဖြစ်ပွားခဲ့ကြောင်း၊ပဋိပက္ခကြောင့် ပါလက်စတိုင်းများစွာ သေဆုံးဒဏ်ရာရရခဲ့ကြောင်း၊ နယ်မြေ ပြန်လည်ရရှိရေး လှုပ်ရှားမှုမှာ မေလ ၁၅ ရက် ပါလက်စတိုင်း Nakba Dayနေ့တွင် ပိုမို ဆိုးဝါးလာနိုင် ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)