Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် လမ်းနံဘေးဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံး၊ အခြားသူတစ်ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မိုင်မာနာ၊ အာဖဂန်နစ္စတန်၊ မေ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာယက်ပြည်နယ် မြို့တော်ဖြစ်သော မိုင်မာနာအပြင်ဘက်တွင် ယနေ့ (မေလ ၆ ရက်) လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနီးအနားရှိ ကားပေါ်မှ အရပ်သား ၇ ဦးထပ်မနည်း သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

“နေ့စားအလုပ်သမား ၈ ဦးပါဝင်တဲ့အဖွဲ့က ဒီနေ့မနက် မိုင်မာနာကနေ အယ်လ်မာခရိုင်မှာရှိတဲ့ လုပ်ငန်းခွင်ကိုအသွားမှာ စစ်သွေးကြွတွေ ထောင်ထားတဲ့ လမ်းနံဘေးကဗုံးပေါ် ကံမကောင်းစွာနဲ့ တက်နင်းမိခဲ့တယ်။ အပြစ်မဲ့ အလုပ်သမား ၇ ဦး သေဆုံးသွားခဲ့ပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု အဗ္ဗဒူလ် ကာရင်မ် ယူရက်ရှ်က ဆင်ဟွာသို့ ပြောသည်။

အဆိုပါ မိုင်းဖောက်ခွဲမှုအတွက် တာလီဘန်များအား စွပ်စွဲထားကြောင်း သိရသည်။ (Xinhua)