Connect with us

Africa & Middle East

ဖော်လူဂျာမြို့ကို ပြန်သိမ်းပြီးနောက် အိုင်အက်စ်တို့ကို အမြစ်ပြတ်ချေမှုန်းရန် အီရတ်စစ်တပ်ကြိုးပမ်းနေ

အီရတ်စစ်တပ်မှ တင့်ကားများ Fallujah မြို့ထဲ ဝင်ရောက်လာစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံတွင် အိုင်အက်စ်စစ်သွေးကြွများ အဓိကသိမ်းပိုက်ထားသောမြို့နှစ်မြို့အနက် ဖော်လူဂျာ(Fallujah)မြို့ကို တိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ပြီးနောက် အီရတ်တပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်မြင်မှုသည် အီရတ်နိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရးအကြပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့်အကူအညီပေးနိုင်မည်ဖြစ်သော်လည်း နိုင်ငံအတွင်း အိုင်အက်စ်အစွန်းရောက်အဖွဲ့များနှင့် ရင်ဆိုင်စရာစစ်မြေပြင်မှာ ခရီးရှည်စွာ ကျန်ရှိနေဆဲဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
မြို့တွင်းတိုက်ပွဲ ၂၅ ရက်ကြာဆင်နွှဲပြီးနောက် ဖော်လူဂျာမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီးဖြစ်ကြောင်း အီရတ်နိုင်ငံဝန်ကြီးချုပ် Haider al-Abadi က ဇွန် ၁၇ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

၎င်းကြေညာချက်သည် အိုင်အက်စ်အကြမ်းဖက်သမားများအား ဖော်လူဂျာမြို့အတွင်းရှိ အစိုးရအုပ်ချုပ်ရေးရုံးဝင်းအတွင်းမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့၏ အနောက်ဖက် ကီလိုမီတာ ၅ဝ ခန့်အကွာတွင် တည်ရှိသော ဖော်လူဂျာမြို့သည် ၂ဝဝ၃ ခုနှစ်ကတည်းက အစိုးရဆန့်ကျင်သူများ ခြေကုတ်ယူထားသည့် မြို့တစ်မြို့ဖြစ်သည်။ထို့ပြင် ၂ဝ၁၄ ခုနှစ် အစောပိုင်းက အီရတ်နိုင်ငံထဲ၌ အိုင်အက်စ်တို့ပထမဆုံးသိမ်းယူနိုင်ခဲ့သော အဓိကမြို့တစ်မြို့ဖြစ်သည်။

ဖော်လူဂျာ မြို့အား သိမ်းပိုက်ထားပြီးချိန်မှ စတင်၍ အိုင်အက်စ်တို့သည် ၎င်းမြို့မှ ခြေကုတ်ယူကာ ဘဂ္ဂဒတ်မြို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖော်လူဂျာစစ်ဆင်ရေးစတင်ခဲ့သည့် မေလ ၂၃ ရက်မှ စတင်ကာ အိုင်အက်စ်စစ်သွေးကြွ ၄၂ဝ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း အီရတ်ပူးတွဲစစ်ဦးစီးချုပ်၏ ဇွန် ၁၈ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.