Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Africa & Middle East

ဘာကီနာဖာဆိုနိုင်ငံရှိ စားသောက်ဆိုင်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး ၁၇ ဦး သေဆုံး

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘာကီနာဖာဆိုနိုင်ငံရှိ စားသောက်ဆိုင် အနီးသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

အိုဝါဒါဒူဂူ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဘာကီနာဖာဆိုနိုင်ငံ မြို့တော် အိုဝါဒါဒူဂူမြို့ ရှိ တူရကီစားသောက်ဆိုင် တစ်ခုအား သြဂုတ် ၁၃ရက် ညနေပိုင်းတွင် သေနတ်သမား အုပ်စုတစ်စု က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံးပြီး အခြားလူ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

အာဏာပိုင်များက အိုဝါဒါဒူဂူမြို့ မြို့လယ်ခေါင် ရှိ Nkrumah ရိပ်သာတွင် တည်ရှိသော စားသောက်ဆိုင်တွင် ည ၉နာရီ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့ဝင်များ နှင့် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများက သေနတ်သံများ နှင့် ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။ သေဆုံးသူများသည် မည်သည့်နိုင်ငံသားများဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ရဲတပ်ဖွဲ့က ပြည်သူများအား ၎င်းတို့၏ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်နှင့် မြို့လယ်ခေါင်သို့ သွားရောက်ခြင်း မပြုရန် ညွှန်ကြားထားပြီး အတားအဆီများကိုလည်း ဖယ်ရှားခြင်းမရှိသေးကြောင်း သိရသည်။ဘာကီနာဖာဆိုနိုင်ငံ သည် အနောက်အာဖရိက ရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုက်ခိုက်မှုများစွာကို ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)