Connect with us

Africa & Middle East

အမေရိကန် ၏ အရေးယူ ပိတ်ဆို့မှု ကို တုန့်ပြန်ရန် အတွက် အီရန် က ဒေါ်လာ သန်း ၅၀၀ကျော်တန်ဖိုးရှိ ဒုံးကျည် တီထွင် စမ်းသပ်မှု တိုးမြှင့် ပြုလုပ်မည်

အီရန် နိုင်ငံ ၏ တာဝေးပစ် ဒုံးကျည် များ ပစ်လွှတ် နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ လွှတ်တော် က သြဂုတ်လ ၁၃ ရက်နေ့၌ အမေရိကန် နိုင်ငံ ၏ အသစ် ထပ် ပြဌာန်း ခဲ့သည့် အရေးယူပိတ်ဆို့မှု ကို တုန့်ပြန်သည့် အနေဖြင့် အီရန် နိုင်ငံ ဒုံးကျည် စနစ် သုသေတန စီမံကိန်း နှင့် အီရန် စစ်တပ် ပြည်ပ လှုပ်ရှားမှု တို့ဆောင်ရွက်ရန် အတွင် ဘတ်ဂျက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် တိုးမြှင့်မည့် ဥပဒေမှုကြမ်း ကို အတည်ပြု ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယင်းဥပဒေမူကြမ်း အရ အီရန် နိုင်ငံ အစိုးရ သည် ဒုံးကျည် စနစ် သုတေသန လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၂၆၀ ကို တိုးမြှင့်သွားမည် ဖြစ်ပြီး အီရတ် နိုင်ငံ ၏ ပြည်ပ စစ်ဆင်ရေး တပ်ဖွဲ့ အတွက် အမေရိကန် ဒေါ်လာ သန်း ၂၆၀ ကို တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အတည်ပြုခဲ့သည့် ဥပဒေမူကြမ်း တွင် အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် လုံခြုံရေး ဌာန ၏ တာဝန်ရှိသူများ ကို အမည်ပျက် စာရင်း သို့ ထည့်သွင်းသွားမည် ဖြစ်ပြီး အီရန် နိုင်ငံ သို့ဝင်ရောက်ခြင်း ကို တားမြစ်သွားမည် ဖြစ်ကြောင်း ၊ အကြောင်းပြချက်အနေဖြင့် ယင်းပုဂ္ဂိုလ် များသည် အကြမ်းဖက်အဖွဲ့အစည်း များအား ငွေကြေးထောက်ပံ့ခြင်း ၊ သတင်းအချက်အလက် ၊ စစ်ရေး ၊ ထောက်ပံ့ရေး နှင့် လေ့ကျင့်ရေး တို့တွင် ကူညီဆောင်ရွက်ပေးခြင်း တို့ကြောင့် ဖြစ်ကြောင်း ၊ ထို့ပြင် ပြည်ပသို့ ထွက်ခွာသွားခဲ့ကြသည့် အီရန် နိုင်ငံ ဆန့်ကျင်ရေး အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသော အမေရိကန် နိုင်ငံ အစိုးရ အရာရှိများကို လည်း အမည်ပျက် စာရင်းသို့ ထည့်သွင်း လိုက်ကြောင်း သိရှိခဲ့ရသည်။

အီရန် နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali Larijani က လွှတ်တော် အစည်းအဝေး အပြီးတွင် အမေရိကန် နိုင်ငံ အနေဖြင့် ယင်းဥပဒေမူ ကြမ်းသည် အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ အပေါ် စွန်းစားဆောင်ရွက်မှု ၏ တုန့်ပြန်မှု ပထမ ခြေလှမ်း သာ ဖြစ်သေးကြောင်း ကို သိရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် မှ အမေရိကန် နိုင်ငံ သမ္မတ ရာထူး စတင် တာဝန်ယူချိန်မှစ၍ အမေရိကန် နိုင်ငံ သည် အီရန် နိုင်ငံ အပေါ် ဒုံးကျည် စမ်းသပ်မှု ကို အကြောင်း ပြု၍ အဆက်မပြတ် ဖိအားပေးဆောင်ရွက်မှု များပြုလုပ်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ နှင့် အမေရိကန် နိုင်ငံ သို့ ဝင်ရောက်မှု ကန့်သက်ခြင်း စသည် တို့ကို ဆောင်ရွက် ခဲ့သည်။ သြဂုတ်လဆန်းပိုင်း တွင် ဒေါ်နယ်ထရမ့် က အီရန် နိုင်ငံ မှ ပဲ့ထိန်းဒုံးကျည် စီမံကိန်း ကို အကြောင်း ပြု၍ အရေးယူ ပိတ်ဆို့မှု အသစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117