Connect with us

Africa & Middle East

မာလီနယ်စပ်တွင် လက်နက် ၄၀ ခု အယ်ဂျီးရီးယား စစ်သားများ ဖမ်းမိ

အယ်လ်ဂျီးရီးယား စစ်သားများ ရှာဖွေတွေ့ရှိခဲ့သည့် လက်နက်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အယ်လ်ဂျီးယားစ်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

မာလီနိုင်ငံ နယ်စပ်တွင် လက်နက် အလက်ပေါင်း ၄၀ ခုနှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို အယ်လ်ဂျီးရီးယား စစ်တပ်က သြဂုတ်လ ၁၃ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

စစ်တပ် တပ်ဖွဲ့ဝင်များက မာလီ နယ်စပ်အင်္နး Bordj Baji Mhkhtar နယ်မြေ တောင်ဘက်စွန်း၌ ကင်းလှည့်နေစဉ် ယခုကဲ့သို့ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ အမြောက်အမြား သိုလှောင်ထားသည့် ကတုတ်ကျင်း တစ်ခုအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရှာဖွေတွေ့ရှိခဲ့သည့် လက်နက်များတွင် RPG-2 ဒုံးပျံ လောင်ချာ နှစ်လက်၊ RPK စက်သေနတ် လေးလက်၊ FMPK စက်သေနတ် နှစ်လက်၊ PKT စက်သေနတ် လေးလက်၊ Kalashnikov စက်သေနတ် ၁၄ လက်၊ Seminov semi-automatic ရိုင်ဖယ် ၇ လက်နှင့် Repeating ရိုင်ဖယ် ၇ လက်တို့ ဖြစ်ကြောင်း သိရသည်။အယ်ဂျီရီးယား စစ်သားများ တွေ့ရှိခဲ့သည့် မာလီ တောင်ပိုင်း နယ်စပ်နှင့် အရှေ့တောင်ပိုင်း နယ်စပ် တစ်လျှောက်ရှိ ကတုတ်ကျင်းများ၌ လက်နက်များမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။အယ်ဂျီရီးယားသည် အဆိုပါ ဒေသအတွင်း အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး လုံခြုံရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြင့် မကြုံစဖူး ကြုံတွေ့နေရကြောင်း သိရသည်။ (Xinhua)