Africa & Middle East
ဘာရိန်းနိုင်ငံသည် ကာတာနိုင်ငံသားများအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်း
မာနာမာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ဘာရိန်းနိုင်ငံ အာဏာပိုင်များသည် ကာတာနိုင်ငံသားများအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သြဂုတ် ၂၁ ရက်တွင်ကြေညာခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနက ယင်းရပ်ဆိုင်းမှုတွင် ဗီဇာသက်တမ်းကျန်ရှိနေသော ကာတာကျောင်းသားများ မပါဝင်ကြောင်းပြောကြားခဲ့သည်။
ဝန်ကြီးဌာန က ဘာရိန်းနိုင်ငံသားများ နှင့် ညီအကို ကဲ့သို့ ခင်မင်ရင်းနှီးသော ကာတာနိုင်ငံသားများကြောင့် ယင်းဆုံးဖြတ်ချက်အား မချချင်သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ အခွင့်အရေး (သို့) နိုင်ငံတကာအခြေခံဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကာတာအာဏာပိုင်များ၏ တာဝန်မဲ့သော အပြုအမူများကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အာရပ်အုပ်စုဝင်များဖြစ်သော ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု နှင့် အီဂျစ်နိုင်ငံတို့သည် လွန်ခဲ့သောနှစ်မှ စ၍ ကာတာနိုင်ငံ သည် အကြမ်းဖက်အုပ်စုများအား ထောက်ပံ့ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် သံတမန်ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့သည် ယင်း ပဋိပက္ခအားဖြေရှင်းရန် ကူဝိတ်နိုင်ငံမှတစ်ဆင့် ကာတာနိုင်ငံအပေါ် တောင်းဆိုချက် ၁၃ချက်ကို ပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်းဆိုချက်များတွင် ကာတာနိုင်ငံ ရှိ တူရကီစစ်အခြေစိုက်စခန်း နှင့် အယ်ဂျားဇီးယား အာရပ်ရုပ်သံလိုင်းအား ပိတ်ပစ်ရန် ပါရှိကြောင်း သိရသည်။ (Xinhua)