Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း က အီရတ် နိုင်ငံ တွင် ပျက်ကျ ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိ

အမေရိကန် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် နှင့် တပ်ဖွဲ့ဝင်များ စစ်ဆင်ရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း က သြဂုတ်လ ၁၉ ရက်နေ့ ၌ အီရတ် နိုင်ငံ တွင် ပျက်ကျ သွား ခဲ့ပြီး ရဟတ်ယာဉ် ပေါ်ရှိ အမေရိကန် စစ်သည် ၁ ဦး သေဆုံး ခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၂၀ ရက် တွင် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Robert Manning က သတင်းစာ ရှင်းလင်းပွဲ တွင် ရဟတ်ယာဉ် သည် အကြမ်းဖက် နှိမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် အတွင်း ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပျက်ကျ ခဲ့သည့် ရဟတ်ယာဉ် ပေါ်ရှိ တပ်ဖွဲ့ဝင်များ အားလုံး ကို ရှာဖွေတွေ့ရှိ ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Robert Manning က ရဟတ်ယာဉ် မှာ တိုက်ခိုက်မှု ခံရ၍ ပျက်ကျခဲ့သည့် အထောက်အထား များ တွေ့ရှိခဲ့ရခြင်း မရှိဘဲ စစ်ဘက်ဆိုင်ရာ အနေဖြင့် အကြောင်းရင်း အား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ၊ သြဂုတ်လ ၂၀ ရက် အချိန်ထိ အီရတ် ၊ ဆီးရီးယား နှင့် အာဖဂန်နစ္စတန် နိုင်ငံ တို့ တွင် အမေရိကန် တပ်ဖွဲ့ဝင် ၅,၂၀၀ ၊ ၂,၀၀၀ နှင့် ၁၄,၀၀၀ အသီးသီး တာဝန် ထမ်းဆောင် နေကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ် မတ်လ ၁၅ ရက် တွင်လည်း အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း အီရတ် နိုင်ငံ အနောက်ပိုင်း ဒေသတွင် ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ရဟတ်ယာဉ် ပေါ်ရှိ တပ်ဖွဲ့ဝင် ၇ ဦး အားလုံး သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.