Connect with us

Africa & Middle East

ဗြိတိန် နိုင်ငံ က အမေရိကန် နိုင်ငံ အား အစားထိုး၍ နျူကလီးယား ဓာတ်ပေါင်းဖို ပြုပြင်ရေး လုပ်ငန်း ကို လက်ခံလိုက်ကြောင်း အီရန် နိုင်ငံ ထုတ်ပြန်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးခဲ့စဉ်(ဆင်ဟွာ)

တီဟီရန် ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နျူကလီးယား စွမ်းအင် အဖွဲ့အစည်း ဥက္ကဋ္ဌ Ali Akbar Salehi က ဗြိတိန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား အစားထိုး၍ အီရန် ၏ နျူကလီးယား ဓာတ်ပေါင်းဖို ပြုပြင်ရေး လုပ်ငန်း ကို ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လက်ခံလိုက်ကြောင်း သြဂုတ်လ ၂၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Salehi က အမေရိကန် နိုင်ငံ မှ တစ်ဖက်သတ် အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက် ခဲ့သောကြောင့် Arak Heavy Water Reactors နျူကလီးယား ဓာတ်ပေါင်းဖို ပြုပြင်ရေး လုပ်ငန်း တွင် အမေရိကန် နိုင်ငံ တာဝန်ယူထားသည့် အပိုင်းအား ဗြိတိန် နိုင်ငံ မှ အစားထိုး တာဝန်ယူ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Salehi က အမေရိကန် နိုင်ငံ ၏ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ခြင်းသည် အီရန် နိုင်ငံ ၏ နျူကလီယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမည့် သက်ဆိုင်ရာ လုပ်ငန်းစဉ် များအပေါ် ထိခိုက်စေမည် မဟုတ်ဘဲ အီရန် နိုင်ငံ အနေဖြင့် ဆက်လက်၍ သက်ဆိုင်ရာ သုတေသန လုပ်ငန်း နှင့် တည်ဆောက်ရေး လုပ်ငန်းများ ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ် မေလ ၈ ရက် တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ သြဂုတ်လ ၇ ရက် တွင် အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ ၏ စွမ်းအင် မဟုတ်သည့် အခြား ကဏ္ဍ များအပေါ် ပိတ်ဆို့အရေးယူမှု များ ထပ်မံကြေညာ ခဲ့ပြီး နိုဝင်ဘာ ၅ ရက် တွင်လည်း ကျန်ရှိသည့် ပိတ်ဆို့အရေးယူမှုများ ထပ်မံ ကြေညာ မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ပြီးနောက်ပိုင်း တွင် အမေရိကန် နိုင်ငံ က ယုံကြည်၍ မရသဖြင့် ဆွေးနွေးမှုများ ဆောင်ရွက်မည် မဟုတ်ကြောင်း မကြာခဏ ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.