Africa & Middle East
ဘိုလီးဗီးယားနိုင်ငံတွင် ဘတ်စ်ကားမှောက်၊ လူ ၁၂ ဦးသေဆုံး
La Paz ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း ကျေးလက် အဝေးပြေးလမ်းတစ်လျှောက်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ကာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် Cochabamba မြို့နှင့် Potosi မြို့အကြားသွားရောက်ခြင်း ဖြစ်ကြောင်း၊ ယာဉ်တိမ်းမှောက်မှုတွင် အခြား ၃၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Potosi မြို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရသူများအား ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ပေးခဲ့ရကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများအား ကယ်ဆယ်ရေးလုပ်သားများက သယ်ယူပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး Vladimir Lazo က ပြောကြားခဲ့သည်။
“ကားမှောက်ရတာက ယာဉ်မောင်း ပေါ့လျော့မှုကြောင့်လား စက်ချို့ယွင်းမှုကြောင့်လားဆိုတာကို စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်” လို့ Lazo က ပြောသည်။
ရဲတပ်ဖွဲ့၏ ကနဦး အစီရင်ခံစာအရ Potosi မြို့အနီးက အဝေးပြေးလမ်းမပေါ်ရှိ ကျောက်တုံးကြီးကို အရှိန်လွန်နေသည့် ဘတ်စ်ကားက ဝင်တိုက်မိသဖြင့် တိမ်းမှောက်ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)