Connect with us

Africa & Middle East

နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၀ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း Zamfara ပြည်နယ် ရှိ ရွာ၂ရွာအား ဇွန် ၁၂ ရက် နှောင်းပိုင်းတွင် သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zamfara ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Muhammadu Shehu က သေနတ်သမားများ တိုက်ခိုက်ခဲ့ရာ Zamfara ပြည်နယ် Birnin-Magaji ဧရိယာ ရှိ Dutsen-Wake နှင့် Oho ရွာရှိ ဒေသခံနေထိုင်သူများက တိုက်ခိုက်မှုအား အကြောင်းကြားလာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ က အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Shehu က သေနတ်သမားများသည် နိုင်ငံအနောက်မြောက်ပိုင်း Katsina ပြည်နယ် နှင့် Zamfara ပြည်နယ် အကြားရှိ Rugu တောအုပ်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားများအား လိုက်လံဖမ်းဆီးနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.