Connect with us

Africa & Middle East

ဘေရွတ်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရ

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုမှ မီးခိုးလုံးကြီးများတက်လာသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)  

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုစုပေါင်း ဘေရွတ်ဆိပ်ကမ်းအလုပ်သမား ၁၆ ဦးကို ထိန်းသိမ်းထားကြောင်း စစ်ခုံရုံးတရားသူကြီးဆိုင်ရာ အစိုးရကော်မရှင်နာမင်းကြီး Fadi Akiki က သြဂုတ် ၆ ရက်ညနေက ကြေညာခဲ့သည်။

ဆိပ်ကမ်းနှင့်အကောက်ခွန်အရာရှိများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှစ်များစွာကြာ သိုလှောင်ထားရှိခဲ့သည့် ဂိုဒေါင်မှ ထိန်းသိမ်းရေး တာဝန်ရှိသူများ အပါအဝင် လူ၁၈ ဦးကျော် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း Akiki ၏ ပြောကြားချက်အား ကိုးကား၍ Nationl News Agency က သတင်းဖော်ပြခဲ့သည်။ 

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုမှ မီးခိုးလုံးကြီးများတက်လာသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် ဘေရွတ်မြို့ ပထမ စုံစမ်းစစ်ဆေးမှုတရားသူကြီး Ghassan Oueidat က ဆိပ်ကမ်းအရာရှိ ခုနှစ်ဦး ကို ခရီးသွားလာခွင့်တားမြစ်သည့် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ဘေရွတ်ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ကြီးမားသည့်ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၃၇ ဦး သေဆုံးခဲ့ပြီး အခြား လူ ၅,၀၀၀ ခန့်ဒဏ်ရာရခဲ့သလို မြို့အတွင်း ကြီးမားသော ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။  (Xinhua)